အောက်ဆီဂျင် လုံးဝမလိုအပ်ဘဲ သေမင်းကိုစစ်ခင်းပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်ခဲ့တဲ့ နည်းလမ်းတစ်ချို့ကို ဖွင့်ဟပြောပြလာတဲ့ ဘေဘီမောင်

//s9.kh1.co/1c/1c2215a39d8fc26dbe5e474ad56eebbfa6bec0a7.jpeg
အနုပညာရှင်များ

 ၁၇-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောအခြေအနေမှာ ရာသီတုတ်ကွေးနဲ့အတူ ကိုဗစ်ရောဂါကူးစက်မှုတွေပါ များစွာ ဖြစ်ပွားနေတာကို စိတ်မကောင်းစွာဖြင့် မြင်တွေ့နေရပါတယ်။ အောက်ဆီဂျင် အလုံအလောက်မရရှိတဲ့အတွက် အသက်အန္တရာယ် ဆုံးရှုံးမှုတွေကိုပါ ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ဘေဘီမောင်နဲ့ သံစဉ်မောင်တို့ ညီအစ်မနှစ်ဦးဟာလည်း ရာသီတုတ်ကွေး ကြောင့် နေမကောင်းဖြစ်ရင်းနဲ့ ကိုဗစ်ရောဂါပါ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 

ဘေဘီမောင်ဟာ ကိုဗစ်ရောဂါကြောင့် အိပ်ရာထဲတွင် (၁၁) ရက်တိတိ လဲနေခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နေမကောင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီရောဂါကို အရှုံးမပေးလိုတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကြောင့် ကံကောင်းစွာဖြင့် ကိုဗစ်ရောဂါပိုးကို သူမရဲ့ ခန္ဓာကိုယ်ထဲမှ တိုက်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မနေ့ညကလည်း ဘေဘီမောင်ရဲ့ လူမှုကွန်ယက်တွင် သေမင်းနဲ့ စစ်ခင်းပြီး ကိုဗစ်ရောဂါအား တွန်းလှန်နိုင်ခဲ့တဲ့အကြောင်းတွေကို live လွှင့်ပြီး ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 

ဘေဘီမောင်ဟာ ခေါင်းလျှော်တာကြာသွားတဲ့အတွက် ရာသီတုတ်ကွေးစဖြစ်ရာမှတစ်ဆင့် ဒီရောဂါဆိုးကြီး  ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ရောဂါဝေဒနာတွေကို (၁၁) ရက်လောက် ​သေလောက်အောင် ခံစားခဲ့ရပြီး မိခင်ရဲ့ပြုစုမှုတွေကြောင့်သာ (၁၂) ရက်မြောက်နေ့မှာ ထူထူထောင်ထောင် ဖြစ်လာရတာ ဖြစ်ပါတယ်။ နေမကောင်းဖြစ်စဉ်အတွင်း သူမသောက်ခဲ့တဲ့ ဆေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်ဝေမျှရင်း ကိုဗစ်ရောဂါဖြစ်တာဆိုပေမယ့်လည်း အောက်ဆီဂျင်လုံးဝမလိုအပ်ဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့တာတွေကို သေသေချာချာ ရှင်းပြပေးထားတာ ဖြစ်ပါတယ်။ ဘေဘီမောင်ပြောပြတဲ့ အကြောင်းအရာတွေဟာ တကယ်ကို ဗဟုသုတရရှိစေမှာအသေအချာပါပဲ။ ပရိသတ်တွေလည်း ကျန်းမာရေးဗဟုသုတအဖြစ် ကြည့်ရှုလို့ရအောင် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Baby Maung’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T