ကိုဗစ်နဲ့ သတိလစ်သွားလို့ အရေးပေါ်ဆေးရုံတင်ထားရတယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားပြောလိုက်တဲ့ မေဦး

//s9.kh1.co/9b/9bd05161d1eb7f96abebf7c5abbedd5978e92d05.jpeg
အနုပညာရှင်များ

 ၁၇-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်နဲ့ သတိလစ်သွားလို့ အရေးပေါ်ဆေးရုံတင်ထားရတယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားပြောလိုက်တဲ့ မေဦး

ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ မေဦးကတော့ နွေဦးတော်လှန်ရေးအစကတည်းက တတ်နိုင်တဲ့ဝန်ကို ထမ်းရွက်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ မေဦးက တောထဲကိုရောက်ရှိနေပေမယ့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း သတင်းတွေအမြဲတင်ပေးနေတာဖြစ်ပါတယ်။မေဦးက မိတ်ကပ်လောကမှာ နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း အခုချိန်မှာတော့ ဒီမိုကရေစီရရှိဖို့အတွက်သာ အားသွန်ခွန်စိုက်ကြိုးစားပေးနေတာဖြစ်ပါတယ်။

Photo Credit:May Oo’s FB Acc
Photo Credit:May Oo’s FB Acc
Photo Credit:May Oo’s FB Acc
Photo Credit:May Oo’s FB Acc

မနေ့ကဆိုရင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဦးဖြိုးမင်းသိန်း COVID-19 နဲ့ သတိလစ်သွားလို့ ဆေးရုံတင်ထားရတယ်ဆိုပြီး ပြန့်နှံ့လာတာဖြစ်ပါတယ်။ဒီသတင်းကို တွေ့မြင်နေရတဲ့ ပြည်သူတွေကလည်း ဦးဖြိုးမင်းသိန်းအတွက်အရမ်းစိတ်မကောင်းဖြစ်ရပြီး အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ဦးဖြိုးမင်းသိန်းတို့ ဇနီးမောင်နှံနှစ်ယောက်လုံး ကိုဗစ်ကူးစက်ခံထားရတာဖြစ်ပြီး ဦးဖြိုးမင်းသိန်းကိုတော့ အောက်ဆီဂျင်ပေးထားရတယ်လို့ သိရပါတယ်။

Photo Credit:May Oo’s FB Acc
Photo Credit:May Oo’s FB Acc
Photo Credit:May Oo’s FB Acc
Photo Credit:May Oo’s FB Acc

မေဦးကလည်း ဖမ်းဆီးခံထားရချိန်မှာ အခုလိုမျိုး ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ ဦးဖြိုးမင်းသိန်းအတွက် အရမ်းစိတ်မကောင်းဖြစ်နေရှာတာဖြစ်ပါတယ်။ဒါ့ကြောင့် မေဦးက ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး “မဖမ်းသင့်ဘဲဖမ်းထားပြီးတစ်ခုခုဖြစ်ခဲ့ရင် ဘာကြောင့်ဖြစ်ဖြစ် ဖမ်းတဲ့သူတာဝန်ပဲ”ဆိုပြီး ပြတ်ပြတ်သားသားရေးသားထားတာဖြစ်ပါတယ်။ပြည်သူတွေကတော့ ဦးဖြိုးမင်းသိန်းကို “အားတင်းထားပါဦး”လို့ တောင်းဆိုနေကြပြီး အမြန်ဆုံးသက်သာဖို့အတွက် မျှော်လင့်နေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:May Oo’s FB Acc
Photo Credit:May Oo’s FB Acc
Photo Credit:May Oo’s FB Acc
Photo Credit:May Oo’s FB Acc

Source&Photo Credit:May Oo’s FB Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T