မီးလောင်မှုကြောင့် ဆေးဆိုင်အပါအဝင် CDM​နဲ့ စစ်​ဘေး​ရှောင်တွေကို ​ထောက်ပံ့လှူဒါန်းနေတဲ့ ဈေးဆိုင်အများအပြား ပျက်ဆီးဆုံးရှုံး

//s9.kh1.co/3a/3a348ea826cb4d443ef00acda2fa791506ca43bb.jpeg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

နိုင်ငံရေးမတည်ငြိမ်မှုတွေသာမက Covid ရောဂါပြန့်ပွားမှုတွေကြောင့် ပြည်သူအများအပြား ထိခိုက်သေဆုံးနေကြရတာကတော့ တကယ်ကို ဝမ်းနည်းစရာကောင်းလွန်းပါတယ်..။

ကိုဗစ်လူနာတွေကို ဆေးရုံတွေမှာ လက်ခံကုသပေးမှုတွေမရှိတာကြောင့် လူနာအများစုဟာ မိမိတို့ရဲ့ နေအိမ်မှာပဲ အဆင်ပြေသလို ကုသနေရပေမယ့် လတ်တလောမှာ အောက်ဆီဂျင်ပြတ်လပ်မှုတွေအပြင် ဆေးဝါးအခက်အခဲတွေ ဖြစ်နေကြတာ တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အခုလိုစစ်ဘေးဒုက္ခတွေအပြင် ကျန်းမာရေးပြဿနာတွေပါ ကြုံတွေ့နေရတဲ့အချိန်မှာလည်း မီးလောင်မှုတွေကြောင့်လည်း ပျက်စီးဆုံးရှုံးနေကြတာ တော်တော်များများပါပဲ..။

ဒီကနေ့ ဇူလိုင်လ(၁၆)ရက်နေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ဈေးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆေးဆိုင်အများအပြား ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

မနက်အစောပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး (၁)နာရီအကြာ လောင်ကျွမ်းခဲ့ကာ ဘာကြောင့် မီးလောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူးလို့ ဆိုပါတယ်..။

အဆိုပါမီးလောင်မှုကြောင့် ဆိုင်းဆိုင်များအပါအဝင် CDM​နဲ့ စစ်​ဘေး​ရှောင်တွေကို ​ထောက်ပံ့လှူဒါန်းနေတဲ့ ဈေးဆိုင်အများအပြား ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T