သေဆုံးမှုများပြားလွန်းတာကြောင့် သဂြိုလ်ဖို့စောင့်ရင်း အခေါင်းမလောက်လို့ စောင်၊ ဖျာလိပ်တွေနဲ့ ပတ်ထားရတဲ့ ရန်ကုန်မြို့ရှိလူသေအလောင်းများ

//s9.kh1.co/90/90990c69841fb1fb18236e84d1a9c484c3149535.jpeg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိမှာ တတိယလှိုင်း Covid 19 ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ တစ်နေ့တစ်ထက်တစ်နေ့  ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်..။

ကူးစက်မှုမြန်ဆန်လွန်းတဲ့ ရောဂါဆိုးကြီးရဲ့ ဖိစီးမှုတွေကြောင့် လူတန်းစားမရွေး သေဆုံးနေကြရသလို အများပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်နေကြရတာပါ..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အောက်ဆီပြတ်တောက်မှုတွေမှုတွေအပြင် အောက်ဆီဂျင်ပေးနည်း မမှန်ကန်မှုတွေကြောင့် မသေသင့်ဘဲ သေဆုံးနေကြရတာတွေကလည်း တော်တော်များများ ရှိနေတာ တွေ့ရပါတယ်..။

ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝှမ်း အများအပြားအသက်ဆုံးရှုံးနေကြရပြီး ရန်ကုန်တစ်မြို့ထဲမှာတင် တစ်ရက်တည်း လူထောင်ချီသေဆုံးနေတာကြောင့် သဂြိုလ်ဖို့ကိုတောင် တန်းစီစောင့်ဆိုင်းနေကြရတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ဇူလိုင်လ(၁၅)ရက်နေ့မှာလည်း တစ်နေ့တည်း သေဆုံးသူအလောင်း ရေဝေးမှာ(၂၃၁)လောင်း၊ ကျီးစု(၁၀၃)လောင်းနဲ့ ထိန်ပင်(၄၂၀)လောင်း တို့ဖြင့် စုစုပေါင်း(၇၅၃)လောင်း အထိ ရှိခဲ့တာကြောင့် ညဉ့်နက်အချိန်ထိ သဂြိုလ်ဖို့ စောင့်နေကြခဲ့ရပြီး ရင်နာစရာကောင်းလွန်းတာ တွေ့ရပါတယ်..။

အများစုဟာ အောက်ဆီဂျင်ပြတ်လို့ သေဆုံးခဲ့ရပြီး သေဆုံးမှုများပြားလွန်းတာကြောင့် သဂြိုလ်ဖို့စောင့်ရင်း အခေါင်းမလောက်လို့ စောင်၊ ဖျာလိပ်တွေနဲ့ ပတ်ထားကြရတယ်လို့ သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T