ကွတ်ခိုင်စျေးကြီး မီးလောင်ကျွမ်းသွားခဲ့ပြီးနောက် ပြာကျသွားခဲ့တဲ့ ဆိုင်ခန်းတွေကို မနက်ပိုင်းမှာ လာရောက်ရှင်းလင်းနေကြတဲ့ စျေးသူစျေးသားများ

//s9.kh1.co/34/340c28a76fa47d535d7c7d21a8d6cf079b398ad6.jpg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ(၁)ရက်ကနေ အာဏာသိမ်းပြီးတဲ့နောက် အနယ်နယ်အရပ်ရပ်မှာ မီးလောင်မှုတွေမကြာခဏ ဖြစ်ပွားလာခဲ့ပါတယ်။ယင်း မီးလောင်မှုတွေအများဆုံးဖြစ်ပွားခဲ့တာကတော့ စာသင်ကျောင်း၊ စျေးတွေနဲ့ လူနေအိမ်တွေအများဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ ယနေ့ ဇူလိုင်လ(၁၆)ရက်နေ့ မနက်ပိုင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ထဲက ဈေးကြီးတစ်စျေး မီးလောင်မှုဖြစ်ပွားတယ်လို့ ကြားသိရပါတယ်။

PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload

အဆိုပါ စျေးကြီးဟာ မနက်အစောပိုင်း (၁၂)နာရီခွဲလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်သမားတွေနဲ့အတူ မြို့နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် (၁)နာရီခန့်လောက်မှာ မီး​ငြိမ်းသွားခဲ့တာလို့ သိရပါတယ်။ အရှိန်ပြင်းပြင်းနဲ့ မီးလောင်ကျွမ်းခဲ့တာကြောင့် မနက်မိုးလင်းတဲ့ အချိန်မှာတော့ ရစရာမရှိလောက်အောင် ပျက်စီးသွားခဲ့တဲ့ ပုံရိပ်တွေကလည်း လူမှုကွန်ယက်မှာ စိတ်မကောင်းစွာ ပျံ့နှံ့လာခဲ့တာကို တွေ့မြင်ရပါတယ်။ 

PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload

ကြားသိခဲ့ရတဲ့ သတင်းများအရ မီးလောင်ကျွမ်းမှုကြောင့် တိုင်းရင်းဆေးဝါးများ ၊ စားသောက်ကုန်များနဲ့ လူသုံးကုန်ပစ္စည်းတွေရောင်းတဲ့ ဆိုင်ခန်းပေါင်း (၃၀)ဝန်းကျင်လောက် မီးထဲပါသွားခဲ့တယ်လို့ သိရပါတယ်။ ဒီပုံတွေထဲမှာတော့ ဆိုင်ခန်းများ မီးထဲပါသွားတဲ့ စျေးသူစျေးသားတွေကတော့ သူတို့ရဲ့ ဆိုင်ခန်းတွေကိုလာရောက် ရှင်းလင်းနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ ကွတ်ခိုင်မြို့ဈေးကြီးရဲ့ မီးလောင်ပျက်စီးသွားခဲ့တဲ့ ဒီမြင်ကွင်းတွေကတော့ ပြည်သူတွေကတော့ စိတ်မကောင်းနေကြတာ ဖြစ်ပါတယ်။

PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload
PhotoCredit -Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T