တစ်အိမ်လုံး ကိုဗစ် ကူးစက်ခံထားရတာကြောင့် အလံဖြူလေးထောင်ကာ အကူအညီတောင်းခံလာတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်လေး

//s9.kh1.co/e6/e6e07f2acded1cdc2a3743344d386118c2bc4434.jpeg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

တတိယလှိုင်း အနေနဲ့ တစ်ကျော့ပြန်လည် ဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါက အရင် အခေါက်တွေထက် ပိုမိုပြင်းထန်တယ်လို့ သိရပါတယ် ။ ဒါ့ကြောင့်လည်း အခုဆိုရင် သေဆုံးသူတွေ တစ်နေ့ကို ရာချီလျက်ရှိတာပါ ။ အရင်ကဆိုရင် ကုသရမယ့်နေရာတွေလည်း အစုံအလင်ရှိတာမို့ ရောဂါကူးစက်ခံရပါက စနစ်တကျလာရောက် ခေါ်ဆောင်ကာ ကုသပေးခဲ့တာပါ ။ ဒါ့အပြင် အိမ်က မိသားစုဝင်တွေကိုလည်း Stay Home ထားထားတာကြောင့် ရောဂါက ဆိုးဆိုးရွားရွား မပျံ့ပွားခဲ့ပါဘူး ။

Photo Credit : Original Uploader
Photo Credit : Original Uploader

အခုလက်ရှိမှာတော့ ရောဂါကူးစက်ရင် လာခေါ်ပေးမယ့် အဖွဲ့အစည်းကလည်းမရှိ ဆေးရုံတွေကလည်း လူနာတွေများလို့ လက်မခံတာတွေကြောင့် အများစုက အိမ်မှာဘဲ ကုသရင်း တစ်အိမ်သားလုံး ကူးစက်တာတွေ ရှိလာပါတယ် ။ တစ်ချို့ဆို မိသားစုလိုက် အကုန် ကူးစက်ပြီး သေဆုံးသွားတာကြောင့် နီးစပ်ရာ ပရဟိတ အသင်းတွေကပဲ ကူညီ လုပ်ဆောင်ပေးခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို လည်းတွေ့ရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီနေ့ဆိုရင်လည်း ရန်ကုန်မြို့  ဒေါပုံဘက်မှာ တစ်အိမ်လုံးက မိသားစု အကုန် ကိုဗစ်ကူးစက်ခံရပြီး ဖျာနာနေတာကြောင့် အိမ်ရှေ့မှာ အလံဖြူလေးထောင်ကာ အကူအညီတောင်းနေတဲ့ စိတ်မကောင်းစရာ ပို့စ်လေးတစ်ခုကို တွေ့ရပါတယ် ။ ပြည်သူတွေကလည်း မကြည့်ရက်တာကြောင့် သွားရောက်ကူညီကြမယ့်သူတွေလည်း ရှိသလို တစ်ချို့ကလည်း လိုအပ်တာတွေ လှူဒါန်းပေးမယ့် အဖွဲ့အစည်းတွေ မြင်အောင် ပြန်လည်မျှဝေဖော်ပြပေးခဲ့ကြပါတယ် ။ ပရိသတ်ကြီးအတွက် အလံဖြူထောင်ထားတဲ့ အိမ်တစ်အိမ် ရဲ့  စိတ်မကောင်းစရာ အဖြစ်လေးကို ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T