နေမကောင်းရင်တောင် ဆန်ပြုတ်၀ယ်သောက်ဖို့ဆိုင်မရှိတဲ့ သူမရဲ့အိမ်နားမှာ ကြက်သားဆန်ပြုတ်(၅)ရက်တိတိလှူဒါန်းသွားမယ့် ဘေဘီမောင်

//s9.kh1.co/76/76afcc1ef0a0c1bb32c119e0347a25f28ace06ad.jpg
အနုပညာရှင်များ

 ၁၆-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်မင်းသမီးချော ဘေဘီမောင်ကတော့ လက်ရှိအခြေအနေတွေမှာ လှူဒါန်းမှုတွေ တက်နိုင်သလောက်ပြုလုပ်ကာ အရေးတော်ပုံကြီးမှာ တစ်တပ်တစ်အားပါဝင်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အခြေအနေတွေအမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအပြင် တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျဆုံးသွားကြတဲ့ ပြည်သူတွေအတွက် ဖေးမကူညီ လှူဒါန်းနေတာလည်း တွေ့ရပါတယ်.....။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ ဘေဘီမောင်ဟာ ကျန်းမာရေးချို့တဲ့ကာ ၁၁ရက်လောက်နေမကောင်းဖြစ်နေခဲ့တယ်လို့သိရပါတယ်။ အလူးအလဲခံစားခဲ့ရပြီး သေခါနီးဆဲဆဲဖြစ်တဲ့အထိ အတော်လေးနေမကောင်းဖြစ်နေခဲ့တဲ့အကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့တာတွေ့ရပါတယ်။ အခုလိုကျန်းမာရေးချို့တဲ့ခဲ့ပြီးနောက် နလံပြန်ထူလာတဲ့အချိန်မှာ ဘေဘီမောင်ဟာ အိမ်ဘေးပတ်၀န်းကျင်ကသူတွေအတွက် အလှူလေးတစ်ခုပြုလုပ်မယ့်အကြောင်း ရေးသားလာပါတယ်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

မကြာသေးမီက ဘေဘီမောင်ဟာသူမရဲ့ Facebookစာမျက်နှာမှာ "နေမကောင်းရင်တောင် ဆန်ပြုတ်ဝယ်သောက်ဖို့ဆိုင်မရှိတဲ့ဘေဘီအိမ်နားမှာ မနက်န်ဖြန်ကစပြီး ကြက်သားဆန်ပြုတ် ၅ရက်တိတိလှူပေးပါမယ်ရှင့်??......" ဆိုပြီး ၀မ်းမြောက်ဖွယ်အလှူလေးပြုလုပ်မယ့်အကြောင်း အသိပေးလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

သတင်း အရင်းအမြစ်Baby Maung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T