လက်ရှိမှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ ဒုက္ခအခက်အခဲတွေကို ပရဟိတအဖွဲ့အစည်းတွေ၊တစ်ကိုယ်တော်ပရဟိတလူငယ်လေးတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝိုင်းဝန်းဖြေရှင်းပေးနေကြတာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့လည်း အခုချိန်မှာ ဘယ်သူ့ကိုမဆို တစ်တပ်တစ်အားအကူအညီပေးကြတဲ့အပြင် အားပေးစကားလေးတွေနဲ့လည်း ဖေးမနှစ်သိမ့်ပေးနေကြတာဖြစ်ပါတယ်။PDF လူငယ်လေးတွေကတော့ အခုချိန်ထိ တောထဲမှာလေ့ကျင့်ရေးဆင်းပြီး အရေးတော်ပုံအောင်မြင်ဖို့အတွက် ကြိုးစားနေကြဆဲဖြစ်ပါတယ်။
လတ်တလောအခြေအနေက ပြည်သူတွေအနေနဲ့ COVID-19 ကို ရင်ဆိုင်နေရတာဖြစ်လို့ PDF လူငယ်လေးတွေလည်း ရောဂါကင်းစင်မယ့်တစ်နေ့ကို စောင့်ဆိုင်းနေကြရတာဖြစ်ပါတယ်။အခုဆိုရင်တော့ KPDF လူငယ်လေးတစ်ဦးက မိခင်နဲ့ပြောဆိုထားတဲ့ စကားလေးတွေကို ပြသလာတာဖြစ်ပါတယ်။သူ့ရဲ့မိခင်က သားလေးနဲ့ခွဲခွါနေရတာကြာပြီဖြစ်လို့ အရမ်းသတိရကြောင်းတွေပြောနေတာဖြစ်ပါတယ်။မိဘရင်ခွင်နဲ့ခွဲပြီး အဝေးကိုရောက်နေတဲ့အတွက်လည်း သားလေးကိုအရမ်းစိတ်ပူနေရတာဖြစ်ပါတယ်။
သားဖြစ်သူကတော့ “သားပြန်လာခဲ့ပါမယ် အရေးတော်ပုံအောင်တဲ့တစ်နေ့၊သားအဆင်ပြေပါတယ်၊နေကောင်းကျန်းမာပါတယ်၊အမေသာ ကျန်းမာရေး အထူးဂရုစိုက်ပါ”ဆိုပြီး စာပြန်ရေးထားတာဖြစ်ပါတယ်။မိခင်အနေနဲ့လည်း သားဖြစ်သူကိုသတိရတိုင်း မျက်ရည်တွေနဲ့သာအဖော်ပြုနေရှာတာဖြစ်ပါတယ်။ချစ်ရတဲ့မိသားစုတွေကို ခွဲခွါပြီး ပြည်သူတွေကို ကာကွယ်ဖို့အတွက် စွန့်လွှတ်အနစ်နာခံထားတဲ့ KPDF လူငယ်လေးတို့သားအမိရဲ့ စာလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder