အောက်ဆီဂျင်အိုး (၅၀၀) နဲ့ သူရဲ့ အမည်ပေါက်မြေဂရမ်ကို အလဲအထပ်လုပ်ကာ လှူဒါန်းမှုတွေ ပြုလုပ်ပေးမယ့် လေးစားစရာ ပြည်သူတစ်ဦး

//s9.kh1.co/e6/e60ab7d95ec0e2516a02dd2096ff0ac8e21f6ce7.jpeg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.......

မြန်မာနိုင်ငံမှာ အောက်ဆီဂျင် မရလို့  အသက်ဆုံးရှုံးနေရတဲ့ ကိုဗစ်လူနာတွေကို ပြည်သူတွေကလည်း မကြည့်ရက်နိုင်တာကြောင့်  လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီလို လှူဒါန်းကြရာမှာလည်း စေတနာရှင် ပြည်သူတွေပါမက ဆရာတော်ဘုရားများ ၊ ပရိဟိတ အသင်းတွေကပါ ဝိုင်းဝန်း ပါဝင်ကာ အားဖြည့်ပေးကြတာကိုတွေ့ရပါတယ် ။ ဒါ့ကြောင့်လည်း ဒီအောက်ဆီဂျင် မလုံလောက်မှု ပြဿာနာကနေ အမြန်ဆုံး ကင်းဝေးတော့မယ်လို့ ယုံကြည်မိတာ အမှန်ပါပဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရား ထက်သန်ပြီး တစ်ခုခုဆို စည်းစည်းလုံးလုံး ရှိနေမှုကြီးကတော့ အံ့မခန်းပါ ။ မကြာခင်နာရီပိုင်းလောက်ကဆိုရင်လည်း ပြည်သူတစ်ဦးက အောက်ဆီဂျင်အိုးမရှိသူတွေကို အိုးတွေ လှူဒါန်းပေးချင်တာကြောင့် သူရဲ့ မြေဂရံ အမည်​ပေါက်နဲ့ အလဲအထပ် လုပ်မယ့် ပို့စ်လေးတစ်ခု လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ တကယ်ကို လေးစားစရာကောင်းလွန်းပြီး မွန်မြတ်တဲ့ လုပ်ရပ်လေးမို့ ပြည်သူအားလုံးကလည်း ချီးကျူးခဲ့ကြပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

အောက်ဆီဂျင်အိုး (၅၀၀) နဲ့ အလဲအထပ်လုပ်မယ့် သူရဲ့ အမည်ပေါက် အိမ်ပုံရိပ်တွေနဲ့ အတူ  " အောက်စီဂျင် အိုးကြီး ၅၀၀ နှင့် အလဲအထပ် ရိုက်ချင်ပါသည်။ ​မြေဂရံ အမည်​ပေါက် ​မြေဝယ်အခွန် အိမ် အမြတ်ခွန်​ဆောင်ပြီး ​နောက်ဘက် ခြံငယ်တစ်ကွက်ပါ (ညှိနှိုင်း) အိုးမရှိလို့ မရှူရသူ​တွေကို ​ပေးချင်လို့ပါ။ " ဆိုတဲ့ အကြောင်းအရာကိုပါရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း  ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T