အသင်းကားတွေကိုရပ်ပြီး ညပိုင်းမှာ အောက်ဆီဂျင် အရေးပေါ်လိုအပ်နေတဲ့ သူတွေအတွက် ကူညီပေးခဲ့ကြတဲ့ ရန်ကုန်မြို့က ပရဟိတအသင်းများ

//s9.kh1.co/11/11b1afb01b36b811d9aaa5b33a5620b8b1f26766.jpg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ ဗီဇပြောင်း ကိုဗစ်ရောဂါ ကူးစက်ခံနေရတဲ့ လူနာတွေအတွက် အောက်ဆီဂျင်အလွယ်တကူမရတဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရရှာပါတယ်။ ဒီလိုအောက်ဆီဂျင်များ အလွယ်တကူမရရှိတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် တချို့အလှူရှင်တွေကလည်း အလှူငွေများလှူဒါန်းပေးခဲ့ကြသလို လူမှုကူညီရေး ပရဟိတအသင်းတွေကလည်း တတ်နိုင်သလောက် ကြိုးစားရှာဖွေပြီး ကူညီပေးကြတာလည်း ရှိပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဇူလိုင်လ (၁၅)ရက်နေ့ ညပိုင်းလောက်မှာတော့ ရန်ကုန်မြို့နေ ပြည်သူတွေအတွက် ထိုင်းနိုင်ငံက မှာယူထားတဲ့ တန်(၂၀) ဝင်ဆန့်တဲ့ အောက်ဆီဂျင်အိုးကြီးတွေလည်း ရောက်ရှိခဲ့ပြီးနောက် ပရဟိတအသင်းတွေက အရေးပေါ်လိုအပ်နေတဲ့ သူတွေအတွက် အောက်ဆီဂျင်များကူညီပေးခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။ ဒီမြင်ကွင်းတွေကတော့ ယမန်နေ့ညပိုင်းလောက်က ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းက Item Bar နားမှာ ပရဟိတအသင်းတွေက အောက်ဆီဂျင်များ သယ်ဆောင်လာပြီး အရေးပေါ်လိုအပ်နေတဲ့ သူတွေအတွက် အောက်ဆီဂျင်ဖြည့်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါ့အပြင် အောက်ဆီဂျင်ထိုးကျသွားတဲ့ လူနာတွေကိုလည်း ပေးရှုခိုင်းခဲ့သလို စေတနာ့ဆရာဝန်ကလည်း လာရောက်ကူညီပေးကြတယ်လို့ သိရပါတယ်။ ဒီလို ပရဟိတအသင်းတွေနဲ့ စေတနာ့ဆရာဝန်က လာရောက်ကူညီပေးခဲ့တာကြောင့် အောက်ဆီဂျင်အရေးပေါ်လိုအပ်နေတဲ့ သူတွေကလည်း အများအပြားလာရောက်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ ယခုအချိန်အခါက ပြည်သူတွေကို ပြည်သူတွေကပဲ ကူညီပေးနေရတဲ့ အ​ခြေအနေဖြစ်တာကြောင့် ယခုလိုကူညီပေးခဲ့ကြတဲ့ မြင်ကွင်းတွေကတော့ မြင်ရသူအဖို့ ကြည်နူးဝမ်းသာဖြစ်မိမယ်လို့ ထင်မိပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T