ဒီနေ့မှာ ချစ်သူသက်တမ်း (၁၃)နှစ်ပြည့်သွားပေမယ့် ကောင်မလေးရဲ့ရက်လည်နေ့လည်းဖြစ်နေလို့ အရမ်းဝမ်းနည်းခံစားနေရတဲ့ ညီထွဋ်ခေါင်

//s9.kh1.co/8e/8eb3903466de7ac04b500c1b3cd97ce280b12ed0.jpeg
အနုပညာရှင်များ

 ၁၆-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဒီနေ့မှာ ချစ်သူသက်တမ်း (၁၃)နှစ်ပြည့်သွားပေမယ့် ကောင်မလေးရဲ့ရက်လည်နေ့လည်းဖြစ်နေလို့ အရမ်းဝမ်းနည်းခံစားနေရတဲ့ ညီထွဋ်ခေါင်

ယခုလပိုင်းတွေမှာတော့ မြန်မာပြည်တွင်းမှာ တချို့ပြည်သူတွေအနေနဲ့ ကိုဗစ်ကူးစက်ရောဂါကြောင့် သေဆုံးနေရသလို တခြားရောဂါအခံကြောင့်လည်း အသက်ဆုံးရှုံးလိုက်ရတာတွေရှိပါတယ်။သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ချစ်သူကောင်မလေးကလည်း ဇူလိုင်လ (၁၀)ရက်နေ့၊ ၁၁နာရီ ၁၀မိနစ်မှာ ရုတ်တရက်နှလုံးရပ်တန့်ကာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ညီထွဋ်ခေါင်ရဲ့ ချစ်သူက မိသားစုနဲ့သူငယ်ချင်းတွေကိုခွဲခွါသွားတဲ့အတွက် ကျော်ကျော်နဲ့ဆုမြတ်နိုးဦးတို့ကလည်း ဝမ်းနည်းနေကြတာဖြစ်ပါတယ်။

Photo Credit:Nyi Htut Khaung’s FB Acc
Photo Credit:Nyi Htut Khaung’s FB Acc
Photo Credit:Kyaw Naing Oo’s FB Acc
Photo Credit:Kyaw Naing Oo’s FB Acc

ညီထွဋ်ခေါင်ကတော့ ချစ်သူတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတာဖြစ်လို့ ဖြည်မဆည်နိုင်အောင် ခံစားနေရတာဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင် ကောင်မလေးရဲ့ ရက်လည်နေ့လေးဖြစ်တဲ့အပြင် သူတို့ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်း (၁၃)နှစ်ပြည့်တဲ့နေ့လေးပဲဖြစ်ပါတယ်။ညီထွဋ်ခေါင်ကတော့ ဒီလောက်တိုက်ဆိုင်လိမ့်မယ်လို့ဘယ်တုန်းကမှတွေးခဲ့ဖူးဘူးလို့ ရင်ဖွင့်လာတာဖြစ်ပါတယ်။ဒါ့အပြင် ချစ်သူလေးရဲ့ရက်လည်နေ့မှာ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကုသိုလ်ကောင်းမှူတွေလည်းလုပ်ဆောင်ပေးတာဖြစ်ပါတယ်။

Photo Credit:Nyi Htut Khaung’s FB Acc
Photo Credit:Nyi Htut Khaung’s FB Acc
Photo Credit:Nyi Htut Khaung’s FB Acc
Photo Credit:Nyi Htut Khaung’s FB Acc

ကျော်ကျော်ကတော့ ညီထွဋ်ခေါင်ရဲ့ ချစ်သူကို အစ်မတစ်ယောက်လို ခင်မင်ရင်းနှီးခဲ့ရတာကြောင့် အခုလိုခွဲခွါသွားပြီဆိုတာကို ဘယ်လိုမှမယုံနိုင်သေးတာဖြစ်ပါတယ်။ဒီနေ့ ရက်လည်မှာ သူတောင် ဒီလောက်ခံစားနေရရင် ညီထွဋ်ခေါင်ဆို ဘယ်လိုများနေမလဲဆိုပြီး သူငယ်ချင်းအတွက်လည်း စိတ်ပူပေးနေတာဖြစ်ပါတယ်။ဒီကာလမှာ တချို့ချစ်သူတွေလည်း သေကွဲခွဲနေရတာကြောင့် သူတို့ရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Nyi Htut Khaung’s FB Acc
Photo Credit:Nyi Htut Khaung’s FB Acc
Photo Credit:Kyaw Naing Oo’s FB Acc
Photo Credit:Kyaw Naing Oo’s FB Acc

Source&Photo Credit:Kyaw Naing Oo&Nyi Htut Khaung’s FB Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T