Covid ကူးစက်ခံရပြီး သေလုမျောပါး အလူးအလဲခံစားနေရတာတွေကို ရင်ဖွင့်ပြောပြလာတဲ့ ဘေဘီမောင်

//s9.kh1.co/09/0945d308ebbe0db3c5fa96e7ee76f47e21dd42ce.jpeg
အနုပညာရှင်များ

 ၁၆-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာပြည်မှာ Covid ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေမှာ စိုးရိမ်ကြောက်လန့်နေကြရပြီး တစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။

လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ သရုပ်ဆောင်မင်းသမီးချော ဘေဘီမောင်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကျန်းမာရေးမကောင်းဖြစ်လို့ နေပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

ပြီးခဲ့တဲ့(၁၀)ရက်ကျော်ကတည်းက ဆိုးဝါးတဲ့ ရောဂါရဲ့ ဖိစီးမှုဒဏ်တွေကို သေလုမျောပါးအလူးအလဲခံစားခဲ့ရပြီး လက်ရှိမှာတော့ သက်သာလာပြီလို့ သိရပါတယ်..။

ရောဂါဖြစ်နေတဲ့အချိန်မှာ အရမ်းကြောက်ဖို့ကောင်းတာကြောင့် ပြည်သူတွေအားလုံးကိုလည်း ကျန်းမာရေးဂရုစိုက်ကြဖို့ ဝေမျှပြောပြထားပါသေးတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

"နေမကောင်းတဲ့ ၁၁ ရက်မှာ Fb ကနေသတင်းမေးစိတ်ပူပေးကြတဲ့ ဆွေမျိုးမိတ်ဆွေများရဲ့မေတ္တာဓာတ်လေးတွေကြောင့် ၁၂ရက်မြောက်နေ့မှာ ကျန်းမာသက်သာလာပါပြီရှင့်??တော်တော်အလူးအလဲ သေခါနီးလွတ်မြောက်လာတာပါ အရမ်းကြောက်ဖို့ကောင်းပါတယ်?

အားလုံးကိုလည်း အထူးဂရုစိုက်ဖို့လည်းပြောချင်ပါတယ်

နောက်နေတွေမှာ ဘေဘီဖြတ်ကျော်လာခဲ့တဲ့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြောင်းလေးမျှဝေပေးပါမယ်ရှင့်??

စာလေးတွေ တစ်ယောက်ချင်း reply မပြန်နိုင်တာ နားလည်ပေးပါနော် မန့်ထားတဲ့သူတွေအားလုံးရင်ထဲမှာ မှတ်ထားပါတယ်ရှင့်??.." ဆိုပြီး ဘေဘီမောင်က ပြောပြထားပြီး ပရိသတ်တွေကလည်း စိတ်ပူစွာ အားပေးထားကြတာလည်း တွေ့ရပါတယ်..။

​ရောဂါပြန့်ပွားမှုတွေ ဆိုးရွားနေပြီး တော်တော်များများကူးစက်ခံနေရတာကြောင့် 

အခုလိုအချိန်တွေမှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

သတင်း အရင်းအမြစ်Baby Maung's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T