PPE ဝတ်ကာ မီးသင်္ဂြိုဟ်တဲ့ နေရာအထိ Dead Body တွေကို အစအဆုံး ကူညီလုပ်ဆောင်ပေးနေတဲ့ ဆရာတော်တစ်ပါးရဲ့ လေးစားစရာလုပ်ရပ်

//s9.kh1.co/28/28ebe474fa6ccc4c03d287a89fac6216512d41fb.jpeg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

....

တစ်နေ့တစ်နေ့ ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေလည်း ပိုပို များများလာတာကို တွေ့ရပါတယ် ။ ဒီလို အခြေအနေတွေမှာ ပြန်လည်ကောင်းမွန်လာတာတွေလည်း ရှိသလို ရောဂါအခြေအနေ ဆိုးရွားပြီး အောက်ဆီဂျင်တွေ ပြတ်လပ်ကာ သေဆုံးနေကြသူတွေလည်း မနည်းတော့ပါဘူး ။ နေရာဒေသတိုင်းမှာ ကိုဗစ်ကြောင့် သေဆုံး ကြသူတွေရဲ့ Dead Body တွေ များလွန်းလို့ မီးသင်္ဂြိုဟ်ဖို့ မနိုင်တဲ့ အထိပါပဲ ။

Photo Credit : ဦးသုစရိတ Facebook Account
Photo Credit : ဦးသုစရိတ Facebook Account
Photo Credit : ဦးသုစရိတ Facebook Account
Photo Credit : ဦးသုစရိတ Facebook Account

အရင်လိုလည်း အစစအရာရာ ကူညီဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေလည်း မရှိကြလို့ ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ ရန်ကုန်က ဆရာတော် တစ်ပါးဆိုရင်လည်း ကူညီလုပ်ဆောင်ပေးမယ့် လူအင်အားနည်းနေတာကို မကြည့်ရက်လို့ သင်္ကန်းဝတ်ကြီးနဲ့တောင် သူကိုယ်တိုင် PPE ဝတ်ဆင်ကာ နေ့စဉ်တိုင်း ကိုဗစ်လူနာတွေ အပြင် ရောဂါကြောင့် သေဆုံးသူတွေကို ကူညီပေးလျက်ရှိတာကို လေးစားစွာတွေ့ရပါတယ် ။

Photo Credit : ဦးသုစရိတ Facebook Account
Photo Credit : ဦးသုစရိတ Facebook Account
Photo Credit : ဦးသုစရိတ Facebook Account
Photo Credit : ဦးသုစရိတ Facebook Account

အခုလည်း ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသူရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို သူကိုယ်တိုင် အစအဆုံး မီးသင်္ဂြိုဟ်တဲ့ နေရာအထိ သယ်ဆောင်ကူညီပေးနေတဲ့ ပုံရိပ်တွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ ဒါကို မြင်ပြီး ဆရာတော်ကို မလေးစားဘဲ မနေနိုင်လောက်အောင် ချီးကျူး မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဆရာတော် ရဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ သူရဲကောင်း လုပ်ရပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : ဦးသုစရိတ Facebook Account
Photo Credit : ဦးသုစရိတ Facebook Account
Source & Photo Credit : ဦးသုစရိတ Facebook Account
Source & Photo Credit : ဦးသုစရိတ Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T