အစစအရာရာ ခက်ခဲနေတဲ့အချိန်မှာ စာနာစိတ်ကင်းစွာ အမြတ်ထုတ်နေကြတဲ့သူတွေကို ခံပြင်းဒေါသတွေနဲ့ ထိထိမိမိပြောလိုက်တဲ့ အဆိုတော်မူးလာ

//s9.kh1.co/3b/3b0aeca1269aa89e00d3b9cce52cf7f8ce10e17e.jpeg
အနုပညာရှင်များ

 ၁၅-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေမှာ ကူးစက်ရောဂါတွေ ဆိုးဆိုးရွားရွား ခံစားနေကြရတာ ဖြစ်ပါတယ်..။

ရင်နာစရာကောင်းလွန်းတဲ့ ပြည်သူတွေရဲ့ သေဆုံးမှုတွေကို ကယ်တင်ဖို့ရာ ပြည်သူတွေကပဲ ကူညီနိုင်တာကြောင့် အားလုံးအတူ တစ်ယောက်တစ်အားနဲ့ ဖေးမလက်တွဲကာ ကိုယ်ချင်းစာစိတ်တွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်ကြရမှာလည်း ဖြစ်ပါတယ်..။

Photo Credit - Saw Chris MooLer's Fb Acc
Photo Credit - Saw Chris MooLer's Fb Acc

အဆိုတော်မူးလာကလည်း ကုန်ဈေးနှုန်းတွေအပြင် ဆေးဝါးပစ္စည်းတွေကို ပုံမှန်ထက်အဆပေါင်းများစွာ ဈေးတင်ရောင်းချမှုတွေအပြင် စာနာစိတ်ကင်းကာ အမြတ်ထုတ်နေကြတဲ့ တချို့သောလူတွေကြောင့် ပြည်သူတွေအများအပြား ပတ်သက်ပြီးခံပြင်းမှုတွေနဲ့ ထိထိမိမိပြောလာပါတယ်..။

အခုလို ကာလဆိုးကြီးမှာ ပြည်သူတွေဟာ အချင်းချင်း ဖေးမကာ ကိုယ်ချင်းစာစိတ်တွေနဲ့ တစ်ယောက်ကို တစ်ယောက် လက်တွဲကူညီကြဖို့ မေတ္တာရပ်ခံ ပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Saw Chris MooLer's Fb Acc
Photo Credit - Saw Chris MooLer's Fb Acc
Photo Credit - Saw Chris MooLer's Fb Acc
Photo Credit - Saw Chris MooLer's Fb Acc

"မင်းတို့က မဟုတ်သေးပါဘူး

လိုချင်တာကျ လွတ်လပ်ခွင့်နဲ့ လူသားရဲ့အခွင့်အရေးတဲ့ 

နိုင်ငံ့အရေးအတွက် အကုန်ဝိုင်းတွန်းနေကြရတာ ကိုယ့်လူမျိုး ကိုယ့်မိတ်ဆွေ ကိုယ့်သွေးသား ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်နိုင်ငံ ဖျားနာနေတာထက် အနုတ်စုတ်ဂုတ်စုပ်ခံနေရပါတယ်ဆိုမှ တဦးအပေါ်တဦး ကိုယ်ချင်းစာတရားနဲ့  စာနာစိတ်လေးတောင် မထားပေးနိုင်ဘူးလား

စျေးကတက်ရပြန်ပြီ

ပိုဝယ်ထားပြန်ပြီ

သိုလှောင်ထားကြပြန်ပြီ

လိုချင်တဲ့ တိုးတက်မယ့်နိုင်ငံနဲ့ နောင်လာနောက်သားတွေအတွက် ခဗျားတို့ချန်ထားမယ့် သမိုင်းလား

ကွကိုယ်လည်းပြန်မေးကြဦး

ပိုရင်လှူ လိုရင်ကမ်း

စေတနာထားပြီး တတိုင်းပြည်လုံးကို ဝိုင်းဝန်းထောက်ပံ့ကြမယ်လေ

အလောင်းပေါင်းများစွာကို ဆက်ကြည့်နေဖို့လားဗျာ

တောင်းပန်ပါတယ်ဗျာ 

စာနာပေးကြပါ

အနူးအညွတ်တောင်းပန်ပါတယ်.." ဆိုပြီး စိတ်မကောင်းစွာ ရေးသားတိုက်တွန်းထားတာပါ..။

ပြည်သူတွေအခုလို အပူသောကတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာတောင် တစ်ချို့သောလူတွေရဲ့ တစ်ကိုယ်ကောင်းလုပ်ရပ်တွေကြောင့် လူအများ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ်တာမို့ ပြည်သူတွေအားလုံး အချင်းချင်းဖေးမကူညီကြရအောင်နော်..။

Photo Credit - Saw Chris MooLer's Fb Acc
Photo Credit - Saw Chris MooLer's Fb Acc

သတင်း အရင်းအမြစ်Saw Chris MooLer's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T