Covid ကူးစက်ခံထားရပြီး ကြောက်နေတဲ့ကြားက စိတ်အားတင်းတွန်းလှန်နေတဲ့ သူမရဲ့အဖြစ်တွေကို ရင်ဖွင့်ပြောပြလာတဲ့ ဟန်လေး

//s9.kh1.co/18/185c80886389424b058083b8ccca535d099c32ff.jpeg
အနုပညာရှင်များ

 ၁၅-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

အလှမယ် သရုပ်ဆောင်မင်းသမီးချော ဟန်လေးကတော့ အနံ့အရသာပျောက်ကာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက Covid 19 ရောဂါကူးစက်ခံစားနေရတယ်လို့ သိရပါတယ်..။

မိသားစုတွေနဲ့ အဝေးမှာ တစ်ယောက်တည်းနေရင်း ရောဂါခံစားနေတာမို့ စဖြစ်ဖြစ်ချင်းမှာ အရမ်းကြောက်ခဲ့ရသလို အရမ်းလည်း အားငယ်ဝမ်းနည်းမိတဲ့အကြောင်းတွေနဲ့ သူမရဲ့လက်ရှိအခြေအနေတွေကို ရင်ဖွင့်ပြောပြလာပါတယ်..။

Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc

စိတ်အားတင်းကာ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကျန်းမာရေးကို အစစအရာရာဂရုစိုက်ပေမယ့် အနံ့အရသာ မရတဲ့အချိန်တွေမှာ ဝမ်းနည်းလွန်းလို့ တယောက်တည်းငိုရင်း ကြိတ်မှိတ်စားရတဲ့အကြောင်းတွေကိုလည်း စိတ်မကောင်းစွာ ပြောပြထားပါတယ်..။

"COVID-19 ၁၀ရက် ခရီး"

ဟန်လေး ဒီလ ၅ ရက်နေ့ကစပြီး COVID positive ဖြစ်ပါတယ်။ အခုဆို ၁၀ရက်ရှိပါပြီ။ 

အနံ့၊ အရသာပျောက်သွားတာတော့ ၄ရက်ရှိပါပြီ။ 

ဖြစ်ဖြစ်ချင်းတုန်းက အရမ်းလဲ ကြောက်တယ်။ 

မိသားစုရဲ့အဝေးမှာ တယောက်ထဲ နေတာဆိုတော့ အားလဲ ငယ်တယ်။ စိုးရိမ်စိတ်တွေလဲ ဖိစီးတာပေါ့နော်။ ?

ဒါပေမယ့် ကြောက်နေရုံနဲ့ မပြီးဘူးလေ။ အသက်ဆက်ရှင်ဖို့ ကိုယ်တိုင်လုပ်မှ ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းနေရပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ညွှန်ကြားတဲ့ ဆေးတွေ သောက်တယ်။ အားရှိအောင် အစားတွေ စားတယ်။ ညကို ပုံမှန်အိပ်တယ်။ အောက်စီဂျင် နဲ့ သွေးပေါင်ချိန် ပုံမှန်တိုင်းတယ်။ 

အနံ့ အရသာမရတော့တဲ့ အချိန်မှာဆို ဝမ်းနည်းလွန်းလို့ တယောက်ထဲ ငိုရင်းနဲ့ ကြိတ်မှိတ်ပြီး မရမက စားတယ်။

???.. ဆိုကာ ကိုဗစ်ရောဂါကို တွန်းလှန်နေတဲ့ သူမရဲ့အကြောင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc

ထပ်မံပြီးတော့လည်း သူမလို Covid ကူးစက်ခံထားရသူတွေအတွက်လည်း "ဟန်လေးလို Covid positive ခံစားနေရသူတွေကို အကြံပေးချင်တာလေ ....

- စိတ်ဓာတ်မကျပါနဲ့။ ??‍♀️??‍♀️??‍♀️

-  ဆေးတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်ပါ။ မလိုအပ်ပဲ တခြားဆေးတွေ သောက်မိရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရနိုင်ပါတယ်။ ? ??

- အနံ့ အရသာ မပျောက်ခင် အားရှိမယ့်အစာတွေ စားပါ။ တကယ်လို့ အနံ့ အရသာမရတော့ရင်လဲ အစားဝင်မှ ငါအသက်ရှင်မှာဆိုတဲ့ စိတ်ကို မွေးပါ။ ??

- အမြဲထိုင်စိတ်ညစ်နေမယ့်အစား သူငယ်ချင်းတွေနဲ့ စကား​ပြောပါ။ သာမန် ကိုယ်နေနေကျပုံစံအတိုင်းပဲနေပါ။?

-တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။ ??‍♂️??‍♀️

ကိုယ်ကျန်းမာဖို့ ကိုယ့်မှာပဲတာဝန်ရှိတာဖြစ်လို့ ကိုယ့်ကိုကိုယ် ချစ်ပါ။ ဂရုစိုက်ပါ။ 

အပေါ်က အချက်တွေကို လိုက်နာရင်း

ဟန်လေးနဲ့အတူ ဒီရောဂါကြီးကို တွန်းလှန်ကြစို့နော် ❤️❤️❤️

လုပ်နိုင်မှာပါ။ ယုံကြည်ပါတယ်။ ??????.." ဆိုပြီးတော့လည်း ဝေမျှကာ အကြံပေးထားပါသေးတယ်..။

လက်ရှိအခြေအနေတွေအရ ပြည်သူတွေအားလုံး စိတ်ပျော်အောင်နေဖို့နဲ့ အားရှိအောင် အစားများများစားပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc
Photo Credit - Han Lay's Fb Acc

သတင်း အရင်းအမြစ်Han Lay's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T