Covid 19 ရောဂါနဲ့ ပတ်သက်ပြီး ရင်ဆိုင်ဖြတ်သန်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ပြောပြလာတဲ့ ဆိုဖီယာ

//s9.kh1.co/34/345ac872b506e8daa01ef00e441d33716e42dc4a.jpeg
အနုပညာရှင်များ

 ၁၅-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိမြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားနေတဲ့ Covid 19 ကပ်ရောဂါဆိုးကြီးကြောင့် ပြည်သူတွေအမြောက်အများ သေဆုံးနေကြရတာ ဖြစ်ပါတယ်..။ 

အဆိုတော်ဆိုဖီယာကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အခက်အခဲတွေနဲ့ လိုအပ်နေသူတွေကို တတ်နိုင်သလောက် ဖေးမကူညီနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

Photo Credit - Sophia Everest's Fb Acc
Photo Credit - Sophia Everest's Fb Acc

အခုဆိုရင်လည်း Covid 19 ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကြုံတွေ့ခံစားနေကြရတာတွေကို အကောင်းဆုံး ရင်ဆိုင်ဖြတ်သန်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ဆိုဖီယာက ပြောပြလာပါတယ်..။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားနေတာမို့ ပြည်သူတွေအနေနဲ့ စိတ်ဓာတ်ကျ အားမငယ်ဖို့နဲ့အစားများများစားကာ စိတ်ပျော်အောင်နေပြီး ကိုဗစ်ကို တိုက်ထုတ်ကြဖို့ အကြံပေးပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Sophia Everest's Fb Acc
Photo Credit - Sophia Everest's Fb Acc
Photo Credit - Sophia Everest's Fb Acc
Photo Credit - Sophia Everest's Fb Acc

"ကိုယ့် အမြင်တခုပါ 

ကိုယ်တိုင်လည်း ဒီလိုပဲ ဖြတ်သန်းနေပါတယ် 

ပြောချင်တာက…. စိတ်တွေလည်းမညစ်ပါနဲ့ 

မကောင်းတာတွေ လည်း မပြောပါနဲ့ မတင်ပါနဲ့

ဘသူအတွက်မှ မဟုတ်ဘူး ကိုယ့်အတွက်ပါ 

ကိုတိုင်လည်း အခက်အခဲတွေ ရင်ဆိုင်နေရတာပါ

လူတိုင်း တနိုင်ငံလုံး ဒီကာလမှာ တယောက်တမျိုးစီး ခက်ခဲနေကြပါတယ် ကိုတယောက်တည်းမဟုတ်ဘူးနော်

စိတ်မထိခိုက်ပါနဲ့ အော် ငါ့ထက်ဆိုးတာတွေ ရှိသေးတာပဲ ဆိုပီး ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းပါ

ကိုတွေလည်း ငိုချင်တာပေါ့ ဘယ်ပြောကောင်းမလည်း

But I do believe in my future … in our future. 

ကောင်းတာတွေ ဖြစ်တော့မယ် ကောင်းတာတွေ လာတော့မယ် 

ငါနေကောင်းတယ် ကျန်းကျန်းမာမာပဲ ဒါမိုးတွင်း အအေးမိရုံပါ 

ဆေးသောက်မယ် များများစား အဆင်ပြေအောင် နေပီး ဖြတ်သန်းကြည့်လိုက်ပါ အဆိုးဝင်ဖို့တောင် ခက်သွားပါလိမ့်မယ်

I hope … i can ဆိုပီးတောင် မတွေးနဲ့ I am …..ဆိုပြီး သာ 

တွေး imagine လုပ် 

နေမကောင်းရင် fb မသုံးနဲ့ ပစ်ထားပလိုက် 

ဘာဖြစ်နေတယ် တင်မနေနဲ့  ပို စိတ်ကျပ်တာပေါ့ 

ကိုယ့်ကိုကိုယ် လွတ်လပ်ပေါ့ပါး စွာနေချပလိုက်ပါ

Negative Energy တွေ ဘေးနားမထားပါနဲ့နော်

စားချင်တာ ရှယ် စား ရုပ်ရှင်တွေ ကြည့်ပစ်

ကျန်းမာရေးက အဓိက လို့ပဲယုံကြည်တယ်

စိတ် ကပဲ ဒါကို ကုနိုင်မယ် စိတ်သာအဓိကပါ

ရအောင် ရှာကြံပီး ပျော်အောင်နေပါ ☺️

စိတ်ကျမ်းမာ မှ လူကကျန်းမာ မှာ ပါ

အမြင်မတူရင်တော့ ခွှင့်လွှတ်ပါ?.." ဆိုပြီး ဆိုဖီယာက ဝေမျှထားတာ ဖြစ်ပါတယ်..။

အခုလိုအချိန်မျိုးမှာ ကိုယ်ခံအားကောင်းနေဖို့အပြင် စိတ်ပျော်ဖို့လည်း လိုအပ်တာကြောင့် စိတ်ညစ်စရာတွေ စိတ်ဓာတ်ကျစရာတွေကို မတွေးဘဲ ကပ်ဆိုးကြီးကို အကောင်းဆုံးရင်ဆိုင်ဖြတ်သန်းရင်း ကျော်လွှားနိုင်ကြဖို့ မျှော်လင့်တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Sophia Everest's Fb Acc
Photo Credit - Sophia Everest's Fb Acc

သတင်း အရင်းအမြစ်Sophia Everest's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T