ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်အရှုံးမပေးကြပဲကျော်ဖြတ်ကြဖို့အတွက် အားပေးစကားဆိုလာတဲ့ ဒေါင်း

//s9.kh1.co/57/570b4c1c84a99b016a533ed7647cbdff4ffca0be.jpg
အနုပညာရှင်များ

 ၁၅-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို တစ်ခဲနက်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသားချော ဒေါင်းကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာကတည်းက အားလုံးနဲ့ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဒေါင်းကတော့ အားလုံးနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ခဲ့သလို ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်ကာ ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်။

Photo credit-​ DAUNG-ဒေါင်း's Facebook page
Photo credit-​ DAUNG-ဒေါင်း's Facebook page
Photo credit-​ DAUNG-ဒေါင်း's Facebook page
Photo credit-​ DAUNG-ဒေါင်း's Facebook page

ပြည်သူတွေနဲ့အတူတက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ ဒေါင်းကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေမှာ ပါဝင်လာပေမယ့်လည်း တတ်နိုင်သလောက် အားဖြည့်လုပ်ဆောင်နေပြီး ပရိသတ်တွေအတွက်လည်း ခွန်အားဖြစ်စေတဲ့စာလေးတွေနဲ့ ကဗျာလေးတွေကို ရေးသားလေ့ရှိသူလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း ဒေါင်းဟာ သူ့ရဲ့ Facebookစာမျက်နှာကနေတစ်ဆင့် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပက်သက်ပြီးအားတက်စရာ စာလေးရေးသားလာခဲ့ပါတယ်။

Photo credit-​ DAUNG-ဒေါင်း's Facebook page
Photo credit-​ DAUNG-ဒေါင်း's Facebook page
Photo credit-​ DAUNG-ဒေါင်း's Facebook page
Photo credit-​ DAUNG-ဒေါင်း's Facebook page

"အခုချိန်ဟာ ကျွန်တော်တို့တွေအတွက်

ကြေကွဲဝမ်းနည်းစရာသတင်းတွေပဲ

ကြားနေရတယ်။ ကျွန်တော်တို့ပြည်သူအချင်းချင်းပဲ တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းကြရမယ်။ ရှိသူ၊မရှိသူမျှဝေကူကြမယ်။ ဘယ်လိုအခြေအနေ၊ဘယ်လိုစိန်ခေါ်မှုဖြစ်ဖြစ်

ကျွန်တော်တို့ပြည်သူတွေဟာ အရှုံးမပေး ကျော်ဖြတ်ကြမယ်။ ကျွန်တော်တို့တွေ အားတင်းထားကြမယ်။ အာဏာရူးတွေရဲ့ရန် ၊ကပ်ဘေးရန် မှ ကင်းဝေးပြီး အားလုံး ကျန်းမာပါစေ ဘေးကင်းပါစေ။ဖီးနစ် တို့ တို့တွေဘာပဲဖြစ်ဖြစ် ကျော်လွှားနိုင်မှာပါ အောင်မြင်မှာပါ ပြာပုံထဲကနေ ပြန်ထကြမယ်......."ဆိုပြီးရေးသားကာ ပရိသတ်တွေကို အားပေးထားတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-​ DAUNG-ဒေါင်း's Facebook page
Photo credit-​ DAUNG-ဒေါင်း's Facebook page
Photo credit-​ DAUNG-ဒေါင်း's Facebook page
Photo credit-​ DAUNG-ဒေါင်း's Facebook page

သတင်း အရင်းအမြစ်DAUNG-ဒေါင်း's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T