ဖြစ်ပေါ်နေတဲ့ကပ်ရောဂါအခြေအနေတွေကိုကျော်လွှားနိုင်ဖို့ဆုတောင်းနေရင်း ရင်နဲ့အမျှခံစားနေရကြောင်းရေးသားလာတဲ့ သင်ဇာ၀င့်ကျော်

//s9.kh1.co/fe/fec0bac08f44f26f423dc5881de23ab3051cfc2f.jpg
အနုပညာရှင်များ

 ၁၅-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အောင်မြင်မှုတွေအခိုင်အမာနဲ့ ဆယ်စုနှစ်တစ်ခုကြာအနုပညာလမ်းကြောင်းပေါ်မှာရပ်တည်အောင်မြင်နေသလို မိန်းကလေးပရိသတ်တွေအပြင် ပုရိသပရိသတ်တွေပါ၀န်းရံအားပေးကြတဲ့ သင်ဇာ၀င့်ကျော်ကိုသိကြမယ်ထင်ပါတယ်နော်။ သင်ဇာ၀င့်ကျော်ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ပက်သက်ပြီး ပြည်သူတွေနဲ့အတူတသားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို တတ်နိုင်သရွေ့လုပ်ဆောင်နေတာလည်းဖြစ်ပြီး ပရိသတ်တွေအတွက်လည်း သတင်းအချက်အလက်တွေကို တတ်နိုင်သရွေ့မျှဝေပေးနေတာဖြစ်ပါတယ်။

Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc

သင်ဇာ၀င့်ကျော်ဟာ လက်ရှိမှာအနုပညာအလုပ်အချို့ကိုပြန်လည်လုပ်ကိုင်နေပေမယ့်လည်း ဖြစ်ပေါ်နေတဲ့ကပ်ရောဂါအခြေအနေတွေနဲ့ပက်သက်ပြီး စိတ်မကောင်းဖြစ်နေတာပါ။ ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ "အသက်အရွယ်ကြီးတဲ့သူတွေရော လူငယ်တွေရော အသိ သူငယ်ချင်း မိတ်ဆွေတွေရော ခုရက်ပိုင်းဆုံးတာတွေအများကြီးပဲ ဒီရောဂါကြီးကဒီ​လောက်​တောင်ဆိုးရွားလား အားလုံးအတွက်စိတ်မကောင်းတာထက်ပိုတယ် ?ကိုယ့်အလှည့်မရောက်သေးပေမဲ့ ဘယ်နေ့ရောက်မလဲရောက်မလဲနဲ့ ရင်တထိတ်ထိတ် ဘုရားရှိခိုးဆုတောင်းရုံမှလွှဲပြီးဘာမှမလုပ်ပေးနိုင်တာ တကယ်စိတ်မကောင်းဘူး....။

Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc

သေခြင်းတရားကို မသေခင် ဒုက္ခတွေတသီတတန်းကြီးပေးခံပြီး သေခိုင်းနေသလိုပဲ ... ကျန်ခဲ့တဲ့သူတွေရော သွားတဲ့သူတွေပါ အကုသိုလ်စိတ်တွေနဲ့ ကောင်းတဲ့ဘုံဘဝရောရောက်မှာလား? အသက်ရှင်ဖို့ခက်ခဲသလို အသေဖြောင့်ဖို့လဲခက်ခဲလိုက်တာ

ကျမတို့နေနေတာ လူ့ပြည်ရောဟုတ်သေးရဲ့လား

ငရဲပြည်ထက်ဆိုးနေသလိုပဲ နေ့စဉ်စိတ်ပင်ပန်းဆင်းရဲရမှုမျိုးစုံနဲ့ ?ဘာပဲဖြစ်ဖြစ် မသေခင်အချိန်အထိတော့ရှိတာလေးနဲ့လုပ်စရာရှိတာလေးတွေ လုပ်သင့်တာလေးတွေလုပ်

ရင်းအားတင်းထားပါတယ်လေ

ဒီကပ်ဆိုးကနေ ကျမတို့မြန်မြန်လွတ်မြှောက်ကြပါစေ အားလုံးပဲအားတင်းထားပါ ???....." ဆိုပြီးရေးသားထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc

သတင်း အရင်းအမြစ်Thin Zar Wint Kyaw's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T