စေတနာနဲ့ တတ်နိုင်သလောက် လှူဒါန်းပေးပေမယ့် ဆဲဆိုကျိန်စာတိုက်သူတွေကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတဲ့ မြတ်သူသူ

//s9.kh1.co/a0/a073bccfcd2c7b43f169f5a54c9bd8249c4bb478.jpeg
အနုပညာရှင်များ

 ၁၄-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်တွင်းရေးမငြိမ်သက်မှုတွေအပြင် Covid 19 ကူးစက်မြန်လွန်းတဲ့ ကပ်ရောဂါတွေကြောင့် အစစအရာရာခက်ခဲကြပ်တည်းနေကြ ကာလဆိုးကြီးမှာ ပြည်သူတွေကတော့ အပူသောကတွေနဲ့ ဒုက္ခတွေ ခါးစည်းခံနေကြရတာပါ..။

သရုပ်ဆောင် မင်းသမီးချော မြတ်သူသူကတော့ အခုလို ပြည်သူတွေအများအပြား အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အချိန်မှာ တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page

ပြီးခဲ့တဲ့ရက်တွေကလည်း မြတ်သူသူဟာ သူမကို အကူအညီလာတောင်းကြသူတွေကို အလှူငွေတွေ တတ်နိုင်သလောက် ဖေးမကူညီခဲ့ပေမယ့် လူတိုင်းကို မကူညီနိုင်ခဲ့တာကြောင့် လူတချို့ရဲ့ အပြစ်ပြောဝေဖန်မှုတွေကို ခံနေရပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်နေရပါတယ်..။

တစ်ယောက်ကို (၂)သောင်းနှုန်းနဲ့ အလှူငွေ (၅)သိန်းကို ခွဲဝေလှူဒါန်းခဲ့ပေမယ့် မရခဲ့တဲ့တချို့လူတွေဟာ လိမ်တယ်ဆိုပြီး ဆဲဆိုကျိန်စာတိုက်တာတွေကြောင့် စိတ်မကောင်းဖြစ်ရသလို အကုန်လုံးကို မကူညီနိုင်တဲ့အတွက် ရင်နာရတဲ့အကြောင်းတွေကို ရေးသားပြောပြလာပါတယ်..။

Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page

"မနေ့က အလှူငွေ (၅)သိန်း လှူတာ မရလို့ဆိုပြီး ကျိန်စာမတိုက်ပါနဲ့ရှင် ?

ကိုယ့်အပူမှ ပူတယ်မထင်ကြပါနဲ့ အခုက တနေရာထဲကွက် ဒုက္ခရောက်နေတာ မဟုတ်ပါဘူး တတိုင်းပြည်လုံးဖြစ်နေကြတာပါ 

မြတ်သူထက် ပိုချမ်းသာတဲ့သူတွေတောင် လူတိုင်းစေ့အောင် လုပ်နိုင်ဖို့ မလွယ်ကူတဲ့အခြေအနေပါ 

မနေ့ကပေးမယ်ပြောပြီး မပေးပဲလိမ်တယ်ဆိုပြီး ပို့ကြတာလည်း စိတ်မကောင်းပါဘူး တကယ်လှူခဲ့တာ မယုံရင်ဝင်ကြည့်ကြပါ

မြတ်သူနိုင်တဲ့အားလေးနဲ့ အကုန်လုံးတော့ မြတ်သူလည်း မလှူနိုင်သေးပါဘူး 

အလှူခံပြီးပြန်လှူတဲ့သူမဟုတ်တော့ ကိုယ့်ထဲရှိတဲ့ထဲကပဲ နိုင်သလောက်လှူရတာပါ အနုပညာအလုပ်မလုပ်ရတာ တနှစ်ခွဲကျော်ပါပြီ 

မနေ့ကဆိုလည်း ခေါင်းတွေတအားကိုက်ရင်း စာတွေမနည်းလိုက်ဖတ်နေရတာပါ ကိုယ်နိုင်တာထက် ပိုလှူချင်လို့လည်း ရင်တွေနာရပါတယ် အားကိုးတကြီးနဲ့အဆင်မပြေတဲ့သူတွေ အများကြီးလာအလှူခံကြတာ တကယ်ရင်တွေနာရ စိတ်တွေမကောင်းဖြစ်ရပါတယ် 

အခုချိန်မှာ ပြောနိုင်တာက မြတ်သူလက်ထဲရှိတာနဲ့ ထပ်လှူပေးပါမယ်ရှင် ကျိန်စာတော့မတိုက်ကြပါနဲ့ ???

အခုထက်ပို ဘာသာသာသနာအကျိုးသယ်ပိုးနိုင်တဲ့ တန်ဖိုးရှိသူတယောက်ဖြစ်ပါရစေ ???.. " ဆိူပြီး စိတ်မကောင်းစွာ ရေးသားထားသလို "edit- အရင်က ကိုယ့်ဝန်းကျင်ကလူတွေပဲ လိုင်းပေါ်မတင်ပဲ လှူပါတယ် လစဉ်တာဝန်ယူထားရတာတွေလည်းရှိပါတယ် သိတဲ့သူတွေပဲရနေလို့ အခုက မသိတဲ့သူတွေပါ ခက်ခဲနေရင်ရအောင် လှူပေးလိုက်တဲ့သဘောပါ.." ဆိုပြီးတော့လည်း သူမရဲ့အလှူလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

အခုလို ခက်ခဲလွန်းတဲ့ အချိန်ကာလကြီးမှာ အကူအညီလိုအပ်နေသူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းနေတဲ့အလှူရှင်တွေကို ချီးကျူးသာဓုခေါ် ရသလို အလှူခံပုဂ္ဂိုလ်တွေဘက်ကလည်း တချို့သောအင်မပြေမှုလေးတွေကို နားလည်ပေးကြဖို့လည်း မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Page

သတင်း အရင်းအမြစ်Myat Thu Thu - မြတ်သူသူ Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T