သူမဘဝထဲကနေ အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားတဲ့ မိခင်ရဲ့ရုပ်ကလာပ်ကို ကြည့်ပြီး ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတဲ့ သွန်းသစ္စာဇော်

//s9.kh1.co/58/589b790b1ccb4bff9b85ddd3ecd1d89abc40e9a3.jpeg
အနုပညာရှင်များ

 ၁၄-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

 အနုပညာရှင်များနဲ့ သရုပ်ဆောင်တွေရဲ့ ဆွေမျိုးမိဘတစ်ချို့ အကြောင်းအမျိုးမျိုးကြောင့်ကွယ်လွန်သွားကြတာကို အခုရက်ပိုင်းတွင်  ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရပါတယ်။ မနေ့က မနက်(၆) နာရီခွဲအချိန်တွင် သရုပ်ဆောင်သွန်းသစ္စာဇော်ရဲ့ မိခင်ဖြစ်သူဟာ ကျောက်ကပ်ရောဂါဝေဒနာဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ကြောင်း လူမှုကွန်ယက်များမှတစ်ဆင့် သိရှိခဲ့ရပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သွန်းသစ္စာဇော်မှ သူမရဲ့Facebook အကောင့်တွင် မိခင်ဖြစ်သူနဲ့ပတ်သက်ပြီး လက်ရှိခံစားနေရတာတွေကို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

Photo Crd-Thun Thit Sar Zaw’s Facebook Account 
Photo Crd-Thun Thit Sar Zaw’s Facebook Account 
Photo Crd-Thun Thit Sar Zaw’s Facebook Account 
Photo Crd-Thun Thit Sar Zaw’s Facebook Account 

သူမရဲ့မိခင်ဟာ ကျောက်ကပ်ဆေးနေရတာ (၆) နှစ်ရှိပြီဖြစ်ပြီး အဲ့မတိုင်ခင်ကလည်း SLE(အရေပြားလေးဘက်နာ) ရောဂါကိုခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြီးမှာ ကျောက်ကပ်ဆေးဖို့ အမြဲ အဆင်ပြေပါ့မလားဆိုပြီးတွေးပူမိတတ်တဲ့ မိခင်ရဲ့ စိုးရိမ်ပူပန်စိတ်တွေကို ဝမ်းနည်းစွာ ပြောပြထားတာပါ။ ကျောက်ကပ်ဝေဒနာခံစားရသူတိုင်း အကြာကြီးမနေရတာ မျက်မြင်ကိုယ်တွေ့ဖြစ်ပေမယ့် (၆) နှစ်လုံးလုံး လူကောင်းတစ်ယောက်လို နေပေးသွားတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

Photo Crd-Thun Thit Sar Zaw’s Facebook Account 
Photo Crd-Thun Thit Sar Zaw’s Facebook Account 
Photo Crd-Thun Thit Sar Zaw’s Facebook Account 
Photo Crd-Thun Thit Sar Zaw’s Facebook Account 

" အခုလည်း ဒီဝေဒနာကြီးက မေကြီးလွတ်မြောက်သွားပြီပေါ့နော်။ ချစ်တဲ့ မေကြီး ပိုကောင်းတဲ့နေရာကိုသွားပါအရမ်းသတိရပေမယ့် ရှိစေချင်လိုက်တာလို့တော့ သမီးအတ္တမကြီးတော့ဘူးနော် ချစ်တယ် မေကြီး ❤️" ဆိုပြီး ဝမ်းနည်းနေရတာတွေကို ရင်ဖွင့်ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူရဲ့ နောက်ဆုံး ရုပ်ကလာပ်လေးကို ကြည့်ပြီး ဝမ်းနည်းပက်လက် ငိုကြွေးနေတဲ့ ပုံလေးကို မြင်ပြီး ပရိသတ်တွေက သူမရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုအတွက် စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ သွန်းသစ္စာဇော်ရဲ့ မိခင်လည်း ပြုပြုခဲ့သမျှ ကုသိုလ်ကောင်းမှုတွေကြောင့် ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Thun Thit Sar Zaw’s Facebook Account 

Photo Crd-Thun Thit Sar Zaw’s Facebook Account 
Photo Crd-Thun Thit Sar Zaw’s Facebook Account 
Photo Crd-Thun Thit Sar Zaw’s Facebook Account 
Photo Crd-Thun Thit Sar Zaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T