ကိုဗစ်ကူးစက်ခံရကာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ယနေ့မနက်မှာကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဦးရွှေလ၀င်း

//s9.kh1.co/10/10fa4136feed81650265829bd4d84d53dd2d6e93.jpg
အနုပညာရှင်များ

 ၁၃-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်သလို မြန်မာရုပ်ရှင်ဇာတ်ကားတွေ အတော်များများမှာလည်း ပါ၀င်သရုပ်ဆောင်လေ့ရှိတဲ့ ဦးရွှေလ၀င်းဟာ ဒီကနေ့ဇူလိုင်လ (၁၃)ရက်နေ့မှာကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပြီး အောက်‌ဆီဂျင်ပြတ်လပ်မှုတွေကြောင့် သင်္ကန်းကျွန်းစံပြဆေးရုံကြီးမှာ ယနေ့မနက် ၁၀နာရီ ၁၀မိနစ်ခန့်မှာကွယ်လွန်သွားခဲ့ကြောင်းကို ဦး၀င်းမြိုင်က သူ့ရဲ့ Facebookစာမျက်နှာမှာ ရေးသားမျှဝေလာခဲ့ပါတယ်....။

Photo credit-​ Win Myaing's Facebook acc
Photo credit-​ Win Myaing's Facebook acc

ကိုဗစ် Third waveရဲ့အရှိန်ကြောင့် ပြည်သူအတော်များများကူးစက်ခံနေရပြီး ဒီရက်ပိုင်းအတွင်းမှာကို အနုပညာရှင်တွေနဲ့ သူတို့ရဲ့မိသားစု၀င်တွေပါ ကူးစက်ခံနေရတာကိုတွေ့မြင်ရပါတယ်။ ‌ကိုဗစ်အရေးပေါ်လူနာတွေအနေနဲ့ အောက်ဆီဂျင်ကျတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး အောက်ဆီဂျင်လုံလောက်စွာမရရှိတာကြောင့် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

Photo credit-​ Win Myaing's Facebook acc
Photo credit-​ Win Myaing's Facebook acc

ဦးရွှေလ၀င်းဆုံးပါးသွားတဲ့သတင်းကြောင့် ပြည်သူပရိသတ်တွေလည်း လွန်စွာစိတ်မကောင်းဖြစ်နေကြကာ ၀မ်းနည်းစကားတွေရေးသားလာကြတာတွေ့ရပါတယ်။ အခုလိုမြန်မာဇာတ်လမ်းတွေထဲမှာ သရုပ်ဆောင်ပီပီပြင်ပြင်နဲ့ ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ ဦးရွှေလ၀င်းဆုံးပါးသွားခြင်းကလည်း အနုပညာလောကအနေနဲ့ဆုံးရှုံးမှုကြီးတစ်ခုပါ။ ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်.....။

Photo credit-​ Win Myaing's Facebook acc
Photo credit-​ Win Myaing's Facebook acc

သတင်း အရင်းအမြစ်Win Myaing's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T