နေမကောင်းတဲ့ကြားကနေ လူနာတွေကို ဆေးထကုပေးရင်းနဲ့ ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားတဲ့ဖခင်ကြီးအကြောင်း ပြောလာတဲ့ Tayza Mc

//s9.kh1.co/61/61efc7317c8296b6e6df9fcd94ef15ec58b2042f.jpg
အနုပညာရှင်များ

 ၁၂-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

နေမကောင်းတဲ့ကြားကနေ လူနာတွေကို ဆေးထကုပေးရင်းနဲ့ ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားတဲ့ဖခင်ကြီးအကြောင်း ပြောလာတဲ့ Tayza Mc

အဆိုတော် တေဇ Mc ကတော့ ယနေ့မနက်ပိုင်းမှာပဲ သူ့ရဲ့ဖခင်ကြီးကွယ်လွန်သွားတဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ တေဇ Mc ရဲ့ဖခင်ကြီးက နောက်ဆုံးအချိန်အထိတိုင်အောင် သူ့ရဲ့လူနာတွေအပေါ်မှာ တာဝန်ကျေပွန်ခဲ့တဲ့ ဆရာဝန်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ တေဇ Mc ရဲ့ဖခင်ဖြစ်သူ ဆရာရွှေက Covid-19 ရောဂါနဲ့ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc

မကွယ်လွန်ခင်တစ်ရက်ကတော့ ဆရာရွှေက ကိုယ်လက်တွေကိုက်ခဲနေတာကြောင့် သူ့ရဲ့ဆေးခန်းကိုပိတ်ပြီး အနားယူနေခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနေ့မှာပဲ လူနာတွေက ဆေးခန်းကိုရောက်လာတာကြောင့် ဆရာနေမကောင်းလို့ နားနေကြောင်း ကိုတေဇ Mc ရဲ့မိခင်ကပြောခဲ့သေးတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ လူနာတွေက ဆရာနဲ့ပြဖို့ပဲ တောင်းဆိုနေကြတာကြောင့် ဆရာရွှေက နေမကောင်းတဲ့ကြားကနေ ဆေးထကုပေးခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနေ့က ဆရာရွှေဆီကို လာပြတဲ့လူနာတွေမှာ ကိုဗစ်လက္ခဏာတွေ့ရှိခဲ့တာကြောင့် ဆေးရုံကိုသွားဖို့ အကြံပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc

အဲ့ရက်ကစပြီး ဆရာရွှေခမျာ အသက်ရှုကြပ်၊ ကိုယ်လက်ကိုက်ခဲတဲ့ ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင်းနဲ့ ဇူလိုင်လ (၉)ရက်နေ့ (၁၀)နာရီနဲ့ မိနစ် (၂၀) ခန့်မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် တေဇ Mc က "ကျွန်တော်ဟာ အဖေ့သတင်းကြားကြားခြင်း အဲ့နေ့က အဖေ့ဆီ လာခဲ့ကြတဲ့ လူနာတွေကို စိတ်ထဲကနေ ပစ်ပစ်နှစ်နှစ်ကြီး ကျိန်ဆဲပစ်ခဲ့တယ် အဖေ အခုတော့ ကျွန်တော်ဖြည့်တွေးပေးနိုင်ပါပြီ အဖေဟာ အဖေပဲလေ တစ်ခြားလူမှမဟုတ်တာ အဖေဟာ ကိုယ့်အတွက်ထက် သူများအတွက်ပဲတွေးတတ်တဲ့သူဆိုတာ မေ့သွားခဲ့တယ် အခုတော့ အဖေတစ်ရက်တောင် မပိတ်နိုင်ခဲ့တဲ့ ဆေးခန်းလေးဟာ ရာသက်ပန် ပိတ်သွားခဲ့ရပြီ အဖေ ကောင်းရာမွန်ရာ ရောက်ပါစေ အရာရာတိုင်းကို စိတ်ချပါ အဖေ" ဆိုပြီး ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။ ဆရာဝန်ကောင်းပီသစွာနဲ့ လူနာတွေအတွက် တွေးပေးခဲ့တဲ့ ကိုတေဇ Mc ရဲ့ဖခင်ဖြစ်သူ ဆရာရွှေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Tayza Mc's Fb Acc

Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Photo Credit-Tayza Mc's Fb Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T