ကိုဗစ်ရောဂါကူးစက်မှုတွေဟာ လက်ရှိအခြေအနေမှာ အတော်လေးကို ဆိုးရွားနေပြီး အရွယ်သုံးပါးလုံးနေ့မြင်ညပျောက် ကွယ်လွန်နေကြတာကို ဝမ်းနည်းစွာ မြင်တွေ့နေ ရပါတယ်။ အောက်ဆီဂျင်ပြတ်လပ်တဲ့ ပြသနာဟာလည်း တော်တော်အခြေအနေဆိုးနေပြီး ပြည်သူတွေအားလုံး အခက်အခဲတွေများစွာ ရင်ဆိုင်ကြုံတွေ့နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က အဆိုတော် Double J ရဲ့ လူမှုကွန်ယက်တွင် အောက်ဆီဂျင်၃၀ လောက်ထိကျပြီး ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူရဲ့ဖြစ်စဉ်အသေးစိတ်ကို ရေးသား ပြောပြလာတာ ဖြစ်ပါတယ်။
သူ့မိခင်ဟာ သာမန်အားဖြင့် ကျန်းမာတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး အဆုတ်နဲ့ ပတ်သက်တာဆိုလို့ ချောင်းဆိုးတာလောက်ပဲ ဖြစ်ခဲ့တာပါ။ ရုတ်တရက်နေမကောင်းဖြစ်သွားချိန်တွင် အိမ်မှာပဲ ဆေးသောက်နေခဲ့တာဖြစ်ပြီး မောတယ်ဆိုတဲ့ အခြေအနေရောက်တော့မှ နီးစပ်ရာဆေးခန်းတွင် COVID စစ်ကြည့်ရာ Negative ဆိုပြီး အဖြေထွက်လာပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ အဆုတ်က ပျက်စီးနေပြီဖြစ်တဲ့အတွက် မြို့ထဲကဆေးရုံတွေကို လိုက်စုံစမ်းကြည့်တဲ့အခါ COVID သံသရရှိတဲ့ လူနာပုံစံလက္ခဏာဖြစ်နေတဲ့အတွက် ဘယ်ဆေးရုံကမှ လက်မခံခဲ့ကြပါဘူး။ နောက်ဆုံး ရွေးချယ်စရာမရှိတော့တဲ့အတွက် စစ်ဆေးရုံမှာဘဲ တက်ရောက်ဆေးကုသမှုခံယူခဲ့ရပြီး အဆုတ်မှာ ပျက်စီးနေပြီဖြစ်တာကြောင့် အခြေအနေမကောင်းဘူးလို့ ကြိုပြောတဲ့အတွက် မိခင်ရဲ့ အနေအထားကို စောစီးစွာ သိရှိခဲ့ရတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင်သွေးတွင်းအောက်ဆီဂျင်ကျဆင်းတဲ့ ရောဂါပုံစံအခြေအနေတွေကိုလည်း အခုလို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။ " သွေးတွင်းအောက်ဆီဂျင်ကသာမာန်လူတွေမှာ 90 ကျော်ရှိကြပါတယ် 80 ကျော် 70 ကျော်ထိကျနေတယ်ဆို အရေးပေါ်ဖြစ်နေပြီတဲ့ အမေက စဖြစ်ကတည်းက 80 ကနေ တဖြည်းဖြည်း 60 ထိရောက်သွားတယ် သွေးတွင်းအောက်ဆီဂျင်နည်းတဲ့သူတွေက ကယောင်ကတမ်းဖြစ်တယ်။ လက်သည်းထိပ်တွေခြောက်လာတယ် အမေ့ကိုCovid ဒုတိယတစ်ခေါက်ပြန်စစ်တယ် Negative ပဲပြတယ် ဒါပေမယ့် လက္ခဏာတွေအကုန်လုံးက Covid လိုပဲဖြစ်နေတယ် ..နောက်ဆုံးသူမဆုံးခင်မနက်အစောပိုင်းလောက်က ကျွန်တော်အောက်ဆီဂျင်တိုင်းကြည့်တော့ 30 ကျော်လောက်ထိကျသွားတယ် အရေးပေါ်အောက်ဆီဂျင်ပေးတဲ့စက်နဲ့ လုပ်တယ် မတက်လာဘူး အပေါ့အလေးသွားဖို့ထထိုင်ရင်တောင်မောနေတယ် .. နောက်တော့ဆရာဝန်တွေလည်းလက်လျော့လိုက်တော့ သူ့ကိုယ်သူသိတယ်ထင်တယ် ကျွန်တော်တို့ကိုအနားမှာထားပြီး တရားခွေဖွင့်ပြီး မျက်လုံးလေးအရင်မှိတ်ပြီး တဖြည်းဖြည်း အသက်ငင်ပီးကျွန်တော့်လက်ပေါ်တင်ပဲဆုံးပါးသွားခဲ့တာ .. ကျွန်တော်အဓိကပြောချင်တာက Covidစစ်လို့ မရှိဘူး Negative ပြတိုင်း မပေါ့ကျပါနဲ့ အမေဆိုနှစ်ခါလုံးစစ်တာ Negative ပါ ဒါပေမယ့် Covid လိုလက္ခဏာတွေပဲ အခုဖြစ်နေကြတာတွေနဲ့ အကုန်တူနေလို့ပါ .. အားလုံးကိုမှာချင်တာ အခုချိန်မှာအကောင်းဆုံးပြုစုပေးထားပါ ဆုံးပါးသွားရင်တကယ်အစားထိုးလို့မရနိုင်ပါဘူး။ အားလုံးဒီကပ်ဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ ???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Test Kit နဲ့ စစ်တိုင်း Negative ထွက်လို့ဆိုပြီး ပေါ့ပေါ့ဆဆနေလို့ မရတော့ပါဘူး။COVID ရောဂါလက္ခဏာပြပြီဆိုတာနဲ့ တစ်ယောက်တည်း သီးသန့်အခန်းခွဲနေပြီး ကျန်းမာရေးကောင်းမွန်အောင်နေထိုင်သင့်ပါတယ်။ ပြည်သူများအားလုံး မြန်မာနိုင်ငံတွင် ကျရောက်နေတဲ့ ကပ်ဆိုးကြီးဘေးမှ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Double J’s Facebook Page