လတ်တလောတွင် အကြောင်းအမျိုးမျိုးကြောင့် လူကြီးလူငယ်မရွေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေကိုဝမ်းနည်းစွာဖြင့် မကြာခဏ မြင်တွေ့နေရပါတယ်။ အနုပညာလောကမှာလည်း တန်ဖိုးရှိလွန်းတဲ့ ကြယ်ပွင့်တွေ ချစ်ရသူများထံမှ အပြီးပိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့ကြတာ ဖြစ်တဲ့အတွက် ပရိသတ်များက စိတ်မကောင်း ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ချစ်သူ ရုတ်တရတ် ကွယ်လွန်သွားကြောင်း လူမှုကွန်ယက်တွင် ရေးသားဝေမျှထားကြတာကို မြင်တွေ့လိုက်ရပါတယ်။
သရုပ်ဆောင် ကျော်ကျော်ကလည်း ညီထွဋ်ခေါင်ရဲ့ကောင်မလေးဟာ ရုတ်တရတ် နှလုံးရပ်တန့်ပြီး နေအိမ်တွင်ကွယ်လွန်သွားကြောင်း အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်များနဲ့ အနုပညာအသိုင်းဝိုင်းမှညီအစ်ကိုမောင်နှမများကလည်း ဒီသတင်းကြားကြားချင်း ညီထွဋ်ခေါင်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်ခဲ့ကြတာပါ။ မနေ့ညကလည်း ညီထွဋ်ခေါင်ရဲ့ Facebook Story တွင် " မေ့ကိုပဲ မြင်ယောင်ပြီး သတိရနေတယ် မေရယ် ဘယ်လိုလုပ်ရမလဲဟင် ??” ဆိုပြီး သူ့ချစ်သူခွဲခွာသွားတာ မယုံနိုင်သေးကြောင်း ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။
သရုပ်ဆောင် ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့နှစ်ဦးကလည်း အချစ်ဆုံး သူငယ်ချင်းရဲ့ ကောင်မလေး လောကကြီးကနေ စောစီးစွာ ထွက်ခွာသွားတဲ့အတွက် ယူကြုံးမရ ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကလည်း " မေမေမရှိတော့ပေမယ့် မမေတို့ရှိသေးတယ် အားမငယ်နဲ့ဆို? မေမေမရှိတော့တာတောင် အခုထိ လက်မခံနိုင်သေးတာကို အခုမမေကပါ ထပ်ပြီးတော့ ??” ဆိုပြီး ကြေကွဲစွာဖြင့် သူမရဲ့ Facebook Story တွင် ရေးသားထားတာ ဖြစ်ပါတယ်။ လောကကြီးမှာ နေ့မြင်ညပျောက်တွေ အရမ်းကို မြန်ဆန်နေတဲ့အတွက် အနားမှာရှိနေစဉ်အတွင်းတစ်ဦးကို တစ်ဦး တန်ဖိုးထား ချစ်ခင်ကြနိုင်ပါစေလို့ တိုက်တွန်းပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Nyi Htut Khaung’s and Hsu Myat Noe Oo’s Facebook Account