နှလုံးရပ်ပြီး ရုတ်တရက်ဆုံးပါးသွားတဲ့ ညီထွဋ်ခေါင်ကောင်မလေးရဲ့အကြောင်းပြောပြရင်း ဝမ်းနည်းနေရတဲ့ ကျော်ကျော်တို့သူငယ်ချင်းတစ်စု

//s9.kh1.co/9e/9e518676e896d5557087d6ba6d9f3e44bb89f9c5.jpg
အနုပညာရှင်များ

 ၁၁-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

နှလုံးရပ်ပြီး ရုတ်တရက်ဆုံးပါးသွားတဲ့ ညီထွဋ်ခေါင်ကောင်မလေးရဲ့အကြောင်းပြောပြရင်း ဝမ်းနည်းနေရတဲ့ ကျော်ကျော်တို့သူငယ်ချင်းတစ်စု

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူအချို့ဟာ အခုရက်ပိုင်းတွေအတွင်း အ​ကြောင်းအမျိုးမျိုးကြောင့် အသက်သေဆုံးနေကြောင်း သတင်းတွေမှာ မကြာခဏမြင်တွေ့နေရပါတယ်။ပစ်ခတ်ခံရမှုတွေ၊လုယက်ခံရမှုတွေကြောင့် ပြည်သူအချို့သေဆုံးနေသလို ကိုဗစ်ရောဂါကြောင့် အသက်ရှူကြပ်သူတွေ၊နှလုံးရပ်ပြီး သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။ သရုပ်ဆောင်ညီထွဋ်ခေါင်ရဲ့ချစ်သူကောင်မလေးဟာ မနေ့က ရုတ်တရက်နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့ကာ ချစ်သူဆုံးပါးသွားတာကို ညီထွဋ်ခေါင်ကိုယ်တိုင်လည်း မယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။

Photo Credit: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 
Photo Credit: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 
Photo Credit: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 
Photo Credit: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 

ပရိသတ်တွေကလည်း ချစ်သူကောင်မလေးဆုံးရှုံးလိုက်ရတဲ့ ညီထွဋ်ခေါင်အတွက် စိတ်မကောင်းဖြစ်မိကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားနေကြပါတယ်။ ဆုံးပါးသွားတဲ့ ညီထွဋ်ခေါင်ရဲ့ကောင်မလေးဟာ ချစ်သူအပေါ်မှာရော သူငယ်ချင်းတွေဖြစ်ကြတဲ့ ကျော်ကျော်၊ဆုမြတ်နိုးဦးတို့အပေါ်မှာ အရမ်းကောင်းခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ကျော်ကျော်တို့သူငယ်ချင်းတစ်စုကတော့ နှလုံးရပ်ပြီး ရုတ်တရက်ဆုံးပါးသွားတဲ့ ညီထွဋ်ခေါင်ရဲ့ကောင်မလေးအတွက် ဝမ်းနည်းနေကြပြီး အတူပျော်ရွှင်ရယ်မောခဲ့ကြတဲ့ အမှတ်တရဗီဒီယိုဖိုင်ကို ချပြလာခဲ့ပါတယ်။

Photo Credit: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 
Photo Credit: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 
Photo Credit: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 
Photo Credit: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 

ညီထွဋ်ခေါင်၊ကျော်ကျော်၊ဆုမြတ်နိုးဦးတို့အတူဖွင့်ထားတဲ့ pageလေးမှာ "ညီညီ...အရမ်းချစ်ရတဲ့ချစ်သူ မမေရီ ဟာ ရုတ်တရက်နှလုံးရပ်တန့်ကာ ကျနော်တို့အားလုံးကိုနူတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ..ညီညီ အပေါ်မှာရော သူငယ်ချင်းတွေအပေါ်မှာပါ အမေတစ်ယောက်လို ကြင်နာဆက်ဆံပြီး လတစ်စင်းလိုကြည်လင်ဝင်းပခဲ့တဲ့ မမမေရေ...ပူလောင်ခြင်းတွေကင်းစင်ပြီး ငြိမ်းချမ်းတဲ့နေရာလေးမှာ အိပ်စက်အနားယူပါတော့နော်...ကျနော်တို့အားလုံး အမြဲတမ်းသတိရနေမှာပါ"ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့အတူ ရယ်မောပျော်ရွှင်ခဲ့တဲ့ သရုပ်ဆောင်ညီထွဋ်ခေါင်ကောင်မလေးရဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကို စိတ်မကောင်းစွာနဲ့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 

Photo Credit: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 
Photo Credit: n-h-k ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ 's facebook page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T