ကိုဗစ်အပါအဝင် အခုဖြစ်နေတဲ့တိုင်းပြည်အခြေအနေကို ဘယ်လိုမှမကိုင်တွယ်နိုင်တာမို့ စစ်တန်းလျားဆီပြန်ကြဖို့ ​​ပြောဆိုလိုက်တဲ့ ရန်ရန်ချမ်း

//s9.kh1.co/75/756f07448f28b6340d9d63cf57916b29fd923aec.jpg
အနုပညာရှင်များ

 ၁၁-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်အပါအဝင် အခုဖြစ်နေတဲ့တိုင်းပြည်အခြေအနေကို ဘယ်လိုမှမကိုင်တွယ်နိုင်တာမို့ စစ်တန်းလျားဆီပြန်ကြဖို့ ​​ပြောဆိုလိုက်တဲ့ ရန်ရန်ချမ်း

မြန်မာနိုင်ငံမှာကိုဗစ်ကူးစက်မှုတွေ တစ်ဟုန်ထိုးများပြားလာနေပြီး ကိုဗစ်ကြောင့် ပြည်သူအများအပြားလည်း နေ့စဥ်အသက်သေဆုံးလျက်ရှိနေပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေလည်း တစ်နေ့တစ်ခြားများပြားလာနေပြီး ပြည်သူတွေကတော့ မိမိဘာသာမိမိကြိုတင်ကာကွယ်မှုတွေပြုလုပ်နေရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်က ကိုဗစ်ရောဂါကို စနစ်တကျကိုယ်တွယ်ဖြေရှင်းခဲ့ပုံနဲ့ ယခုလက်ထက် ကိုဗစ်ရောဂါကူးစက်မှုကိုင်တွယ်ဖြေရှင်းပုံတို့ကို နှိုင်းယှဥ်ပြီး ပြည်သူအများအပြားက ဝေဖန်ပြောဆိုမှုတွေပြုလုပ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပြီး အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ အဆိုတော်ရန်ရန်းချမ်းတစ်ယောက်ဟာ ယခုဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြောဆိုမှုတစ်ခုပြုလုပ်လာခဲ့ပါတယ်။ ရန်ရန်ချမ်းကတော့ အခုဖြစ်နေတဲ့ တိုင်းပြည်အခြေအနေကို ဘယ်လိုမှမကိုင်တွယ်နိုင်တာမို့ စစ်တန်းလျားဆီပြန်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ သူရဲ့ ပြောဆိုချက်ကို ပြည်သူအများအပြားကလည်း ထောက်ခံကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြောဆိုနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit : Yan Yan Chan ' s Facebook Acc 
Photo Credit : Yan Yan Chan ' s Facebook Acc 

ရန်ရန်ချမ်းကတော့ " စစ်တန်းလျားပြန်ကြပါတော့ ခင်ဗျားတို့ ခုဖြစ်နေတဲ့တိုင်းပြည်အခြေအနေကိုဘယ်လိုမှမကိုင်တွယ်နိုင်ဘူးဆိုတာသေချာနေပြီခင်‌ဗျားတို့ကိုလည်းဘယ်သူမှမကူညီတော့ဘူး .....ခင်ဗျားတို့စကားလည်းဘယ်သူမှမလိုက်နာကြ ခင်ဗျားတို့ကိုလည်းဘယ်သူမှမကြောက်ကြတဲ့ ပြည်သူတွေကိုခင်ဗျားတို့ဘယ်လိုဆက်အုပ်ချုပ်မလည်း ကြာလေတိုင်းပြည်နာလေ ခင်ဗျားတို့ဆွေစဉ်မျိုးဆက်အတွက် အန္တရာယ်များလေပဲ ကျွန်တော့်အကောင့်ထဲမှာရှိတဲ့နီးစပ်တဲ့သူတွေဒီစာကိုသူတို့မြင်အောင်ပြပေးပါ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source : Yan Yan Chan ' s Facebook Acc 

Photo Credit : Yan Yan Chan ' s Facebook Acc 
Photo Credit : Yan Yan Chan ' s Facebook Acc 
Photo Credit : Yan Yan Chan ' s Facebook Acc 
Photo Credit : Yan Yan Chan ' s Facebook Acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T