အိမ်ထောင်ရေးအရှုပ်အရှင်းတွေထွက်လာပြီးနောက်ပိုင်း ကာယကံရှင် နှစ်ဦးဘက်က မည်သည့် အသံမျှ မကြားရဘဲ ရုတ်တရက်ဆိုသလို နှစ်ယောက်စလုံးကွာရှင်းပြတ်ဆဲပြီးပြီဟု ကြေငြာလိုက်ကြပါတော့တယ်။

မကြာခင်သောအချိန်က ဝိုင်းစုခိုင်သိန်းနှင့် အောင်လတို့နှစ်ယောက်ကြားမှာ ကောလဟာလတွေထွက်ပေါ်လာပါတယ်။ ထိုသို့ ထွက်ပေါ်လာပြီးနောက်ပိုင်း နှစ်ဦး နှစ်ဖက်လုံးက မည်ကဲ့သို့သော ဖြေရှင်းမှုများမပြုလုပ်ခဲ့ပါ။

ဒီနေ့ ၂၂ရင် အောက်တိုဘာ လ တွင်မြန်မာ့အလင်း သတင်းစာမှာ ဝိုင်းစုခိုင်သိန်း ကွာရှင်းပြတ်ဆဲပြီးပြီဟု တွေ့ရပြီးနောက် အဆိုတော်အောင်လ ကလည်း သူ့၏ လူမှုကွန်ရက်အကောင့်တွင် သူနှင့် သူ့ဇနီးဟောင်းကွာရှင်းပြတ်ဆဲပြီးပြီဟု ရေးသားခဲ့ပါတယ်။

ယနေ့ညနေ တွင် ဝိုင်းစုခိုင်သိန်းတစ်ယောက် သူမရဲ့ သီချင်းခွေ အသစ် 'ဂါ' ကို ဖြန့်ချီမှာဖြစ်ပြီး ပရိသတ်တွေကတော့ ထို သရုပ်ဆောင်နှစ်ယောက်ကွာရှင်းတာဟာ တိုက်ဆိုင်မှုမျိုးလား? သရုပ်ဆောင်နှစ်ယောက် အတည်အလင်းလက်ထပ်ကြတော့မယ်၊ အတည်အလင်း တွဲကြတော့မယ်ဆိုပြီး ပြောနေကြပါတော့တယ်။

ပရိသတ်တွေရော အနုပညာရှင်တွေရဲ့ အရှုပ်အရှင်းတွေကို ဘယ်လိုမြင်ကြလဲဆိုတာ ပြောပြသွားပါဦးနော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။