အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် တတ်နိုင်သလောက် အလှူငွေများစွာ လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ်

//s9.kh1.co/81/81d3f79371c1b61f39bb385ee29cddd43bd1a422.jpeg
အနုပညာရှင်များ

 ၁၀-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

......

တတိယလှိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်လည် ဖြစ်ပွားနေတဲ့ Covid - 19 ရောဂါက အရင်ထက်ပိုမို အားပြင်းပြီး သေဆုံးမှုတွေလည်း များစွာရှိနေပါတယ် ။ ဒီလို ပိုမိုပြင်းထန်လာတဲ့ ကိုဗစ်ရောဂါအခြေအနေတွေမှာ အဓိက လူနာတွေ သေဆုံးကြရတာကတော့ အောက်ဆီဂျင် မလုံလောက်မှု ပြဿနာပဲဖြစ်ပါတယ် ။ ကူးစက်သူတွေ များပြားလာတာကြောင့် အောက်ဆီဂျင်အိုးတွေဆို လူများစွာ လာရောက် တန်းစီ ယူကြရသည်အထိပါပဲ ။

Photo Credit : Mayla Melody Facebook Page 
Photo Credit : Mayla Melody Facebook Page 

လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာလည်း နေ့ရော ညရော အောက်ဆီဂျင်လိုအပ်လို့ အကူအညီ တောင်းခံကြသူတွေ များပြားလွန်းနေတာကို တွေ့ရပါတယ် ။ ဒါ့ကြောင့်လည်း ဒီလို အောက်ဆီဂျင် မလုံမလောက် ဖြစ်နေရတဲ့ အခက်အခဲတွေကို ပြည်သူတွေ ပူးပေါင်းပြီး လှူဒါန်းမှုတွေ မျိုးစုံ ပြုလုပ်လျက်ရှိပါတယ် ။ အနုပညာရှင်တွေဆိုရင်လည်း အောက်ဆီဂျင်အိုးတွေ ဝယ်လှူဒါန်းကြသလို တစ်ချို့ကလည်း စက်ရုံဆောက်ပေးဖို့ အထိ စီစဉ်နေကြတာ တကယ်ကို ဝမ်းသာပီတိဖြစ်စရာပါ ။

Photo Credit : Mayla Melody Facebook Page 
Photo Credit : Mayla Melody Facebook Page 

အခုလည်း မေလသံစဉ်တစ်ယောက် ပြင်ဦးလွင်က ပြည်သူတွေအတွက် သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် တစ်လုံး ဝယ်ယူဖို့ အလှူလေးတစ်ခုမှာ သိန်း ​( ၂၀)  ထည့်လှူကာ ပါဝင်ခဲ့ကြောင်း ဖော်ပြလာပါတယ် ။ ဒါ့အပြင် အခြား ပါဝင်လှူဒါန်းချင်တဲ့ အလှူရှင်များရှိပါကလည်း " မေလ ချစ်ရတဲ့ ပြင်ဦးလွင်မြို့လေးမှာ လူတန်းစားမရွေး သက်တမ်းစေ့နေနိုင်ဖို့ရေးအတွက် သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် ဝယ်ယူဖို့ မေလတတ်နိုင်သလောက် သိန်း(၂၀) တိတိ ပါဝင်လှူဒါန်းခဲ့ပါတယ် ခုလိုချိန်မှာ ငွေကြေးတတ်နိုင်သော လုပ်ငန်းရှင်များမေတ္တာဂရုဏာထား၍ ပါဝင်လှူဒါန်းလိုပါက မတည်အလှူရှင် သီဟဗလHotel နှင့် ဒေါကြင်မေ(ပွဲရုံ)လုပ်ငန်းရှင် အန်တီ ဒေါ်ခင်​ထွေး 09 763288484 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင် " ဆိုတဲ့ စာလေးနဲ့ အတူ ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် မေလရဲ့ အလှူလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Source & Photo Credit : Mayla Melody Facebook Page 
Source & Photo Credit : Mayla Melody Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T