လတ်တလော ကူးစက်မှုမြန်ဆန်နေတဲ့ ကိုဗစ်ရောဂါအား ကာကွယ်နိုင်ရန် အိမ်မှာနေရင်း လေ့ကျင့်ခန်းတွေ အပီအပြင် လုပ်နေတဲ့ ရာဇာနေဝင်းရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/77/779c8e19582395f3e0ee2b9d92ffafef5a4e4751.jpeg
အနုပညာရှင်များ

 ၁၀-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောအခြေအနေမှာတော့ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေက အတော်လေးကို ဆိုးရွားနေတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်လုံလောက်စွာ မရရှိတဲ့အတွက် အသက်ဆုံးရှုံးရသူများစွာလည်း ရှိနေပါတယ်။ ပြည်သူအချင်းချင်းကလည်း ကိုဗစ်ရောဂါကာကွယ်စေဖို့ နည်းလမ်းများစွာကို လူမှုကွန်ယက်များမှတစ်ဆင့် ရေးသားဝေမျှပေးနေကြတာ ဖြစ်ပါတယ်။ ဒီရောဂါကူးစက်မှုကနေ ကာကွယ်ဖို့ အစားအသောက် အချိန်မှန် စားရမှာ ဖြစ်သလို ကျန်းမာရေးအတွက် လေ့ကျင့်ခန့်လုပ်ဖို့လည်း လိုအပ်လှပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

သရုပ်ဆောင် ရာဇာနေဝင်းကတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရပေမယ့် သူ့ရဲ့ နေ့စဉ် လှုပ်ရှားမှုတွေကိုတော့ ပရိသတ်တွေကို အမြဲဝေမျှပေးနေသူတစ်ဦးပါ။  သူကတော့ ကျန်းမာရေးအတွက် မနက်တိုင်း  စက်ဘီးစီးလေ့ရှိပြီး မကြာသေးခင် နာရီပိုင်းလောက်ကလည်း ရာဇာနေဝင်းရဲ့ Facebook Story တွင် ဗီဒီယိုလေးတွေ တင်ပေးထားပါသေးတယ်။ ဒါကတော့ လတ်တလော ကူးစက်မှုမြန်ဆန်နေတဲ့ ကိုဗစ်ရောဂါအား ကာကွယ်နိုင်ရန် အိမ်မှာနေရင်း လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ ရာဇာနေဝင်းရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင်အိုးအခက်အခဲဖြစ်နေတဲ့ ပြည်သူများအတွက်လည်း လိုအပ်တဲ့ သတင်းအချက်အလက်တွေကို သူ့ရဲ့ လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd-Koyarzar Nay Win’s Facebook Account 
Photo Crd-Koyarzar Nay Win’s Facebook Account 
Photo Crd-Koyarzar Nay Win’s Facebook Account 
Photo Crd-Koyarzar Nay Win’s Facebook Account 
Photo Crd-Koyarzar Nay Win’s Facebook Account 
Photo Crd-Koyarzar Nay Win’s Facebook Account 

​ရောဂါပိုးတွေဟာ အပြင်မှာ အတော်လေးကို ပြန့်နှံ့နေပြီဖြစ်တာကြောင့် အိမ်ထဲမှာနေပြီး အဟာရပြည့်ဝအောင်နေထိုင်စားသောက်ပြီး အိပ်ချိန်မှန်အောင် ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အိမ်မှာနေရင်း ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ကြစေဖို့  မှာကြားရင်းနဲ့ ရာဇာနေဝင်းရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Koyar Zar Nay Win’s Facebook Account and Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T