ကိုယ်ဝန်ကြီးနဲ့ ကိုဗစ်ကူးစက်ခံထားရပေမယ့် အံတုပြီးရင်ဆိုင်နေတဲ့ သူမရဲ့လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/38/38a81bdc5e7bde750b315292d69537e0414e86de.jpg
အနုပညာရှင်များ

 ၁၀-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလအစပိုင်းကတည်းက လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ဟာ ယခုလက်ရှိအချိန်မှာဒုတိယမြောက်ကိုယ်၀န်ဆောင်ထားရတာလည်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။ ကိုယ်၀န်ဆောင်ထားရချိန်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက် ပရိသတ်တွေကလည်း သူမအတွက်စိတ်ပူနေကြသလို မိသားစုမိတ်ဆွေတွေကလည်း စိုးရိမ်ပူပန်နေကြတာပါ......။

Photo credit-​ Nhying Shin's Facebook acc
Photo credit-​ Nhying Shin's Facebook acc
Photo credit-​ Nhying Shin's Facebook acc
Photo credit-​ Nhying Shin's Facebook acc

အခုလို ကိုယ်၀န်ကြီးနဲ့ကိုဗစ်ကူးစက်ခံထားရပေမယ့်လည်း နှိုင်းယှဉ်မြင့်မိုရ်ဟာ ရောဂါကိုအံတုရင်ဆိုင်ရင်း သူမကျော်ဖြတ်ခဲ့ပုံလေးကို ပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။ "ဒီရောဂါ အကြောင်း ကိုယ်တစ်ကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့်....ကိုယ်ဝန်ကြီးနဲ့မို့ ဖစ်တာသိချင်နေလို့တဲ့.....ကျွန်မ ရောဂါပျောက်ခါနီးမှ ကိုဗစ်ဖစ်နေတာသိတာ ?

ကျွန်မလွန်ခဲ့တဲ့ 10ရက်လောက်ထဲက ခါးတွေ လက်တွေ ပေါင်တွေ ခြေသလုံးတွေ နာတာနာတာဆိုတာအားလုံးက ကိုယ်ဝန်ဆိပ်တက်နေတာလို့ပဲ ပြောကြတယ်ကျွန်မလည်းအဲ့လိုပဲထင်ခဲ့တာ ကိုဗစ် ကိုယ်ထဲ ဝင်နေတာသိတောင်မသိခဲ့ဘူး အစားအသောက်မပျက်ဘူး

လူမမာကြီးလို မနေခဲ့ဘူး ဖြစ်နေမှန်းတောင်မသိခဲ့ဘူးးညညကျရင် တုန်ပီး ချမ်းတက်လာတာကိုလည်းဗိုက်ကြီးသည်မို့ မီးယပ်ချမ်း ထတယ်ပဲထင်နေခဲ့တာ?ဘာဆေးမှလည်းမသောက်ခဲ့ဘူး ညညကျရင် ခြေတွေလက်တွေ ကိုက်တော့ ယောက်က်ျားကို ဆေးလိမ်းခိုင်းတယ်...နင်းခိုင်း နှိပ်ခိုင်းတယ်....။

Photo credit-​ Nhying Shin's Facebook acc
Photo credit-​ Nhying Shin's Facebook acc

လွန်ခဲ့တဲ့ 4ရက်လောက်က အာခေါင်တွေစနာတယ်...နှာခေါင်းပိတ်တယ်...ကိုယ်နည်းနည်းပူတယ်....အဲ့ဒါလည်း ငါမိုးမိလို့ တုတ်ကွေး ဖစ်တယ်လောက်ပဲသဘောထားတယ်....စားစရာရှိတာကတော့ အရင်ကထက်ပိုစားတယ်....ပိုအိပ်တယ်....အင်တာနက်မှာ ဟာသတွေရှာကြည့်တယ်....သရဏဂုံ ရွတ်နေတယ်...

ဆရာသမားတွေ ကလည်း မေတ္တာပို့ပေးနေတယ်တဲ့...ပီးတော့ လွန်ခဲ့တဲ့ 2ရက်က အနံ့စပျောက်တယ်....ဘာရေမွှေးနံ့ ဘာဟင်းနံ့မှမရတော့ဘူး

မကြောက်ပါဘူး နှာခေါင်းပိတ်နေတယ်ပဲ သဘောထားလိုက်တယ်....အိမ်ကလူတွေနဲ့ သူငယ်ချင်းတွေကတော့ စိုးရိမ်ကြတာပေါ့ ကိုယ်ဝန်ကြီးနဲ့ဆိုတော့....တနေ့ ပါရာဒက် 500 အားနဲ့ စီဗစ် မနက်နဲ့ည သောက်တယ်....အားရှိတာတွေစားတယ်...အိပ်တယ်....ရေပုံမှန်ချိုးတယ်...ဒီနေ့မနက် အနံ့ပြန်ရပီ...နေလည်းကောင်းတယ်....ခု ယောက်ခမက ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ကျွေးတယ်...ညနေ အိတုံမရဲ့ ဟော့ပေါ့ အကောင်းစားလာပို့လိမ့်မယ်....စားမယ်...အိပ်မယ်...နားမယ်....

အားလုံး စိတ်ချရမှ အလုပ်တွေပြန်လုပ်မယ်....

ငါ့ဆီ ဒီရောဂါ ရောက်ကိုရောက်လာနိုင်တယ်

ဘာဆေးနဲ့မှ မပျောက်ဘူးသာမာန်ပါရာစီတမော့နဲ့ပဲအဓိက အစာအဟာရမပြတ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ကပျောက်မယ့်တစ်ခုတည်းသောနည်းလမ်းပါပဲ အမျိုးတို့?....." တို့ဆိုပြီးရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Nhying Shin's Facebook acc
Photo credit-​ Nhying Shin's Facebook acc

သတင်း အရင်းအမြစ်Nhying Shin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T