အရေးပေါ်လူနာတွေအတွက် အောက်ဆီဂျင်အိုး၀ယ်ယူရန် အလှူငွေ(၁၅)သိန်းကိုရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အောင်သူနဲ့ပိုးအိအိခန့်

//s9.kh1.co/bc/bc99dbda4e8322bd99f3b16f5f8ff2ab35787f71.jpg
အနုပညာရှင်များ

 ၁၀-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ Covid-19 Third waveရဲ့ဒဏ်ကို မြန်မာပြည်သူအတော်များများ အလူးအလဲခံစားနေကြရပါတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့် ကိုဗစ်ကုသရေးစင်တာတွေ မရှိတော့တဲ့အပြင် ရောဂါကူးစက်မှုနှုန်းမြန်ဆန်လွန်းတာကြောင့် အသက်ဆုံးရှုံးနေရတဲ့ လူနာတွေလည်း အမြောက်အများပါပဲ။ ပြင်းထန်တဲ့ ကိုဗစ်ရောဂါကြောင့်ကူးစက်ခံရသူတွေက အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ တွေ့ကြုံရပြီး အောက်ဆီဂျင်အိုးအလုံအလောက်မရှိတာကြောင့် သေဆုံးရတဲ့လူနာအရေအတွက် များလာနေတာတွေ့ရပါတယ်။

Photo credit-Google
Photo credit-Google

အောက်ဆီဂျင်အိုးအခက်အခဲတွေကြောင့် လူမှုကွန်ယက်စာမျက်နှာထက်တွေမှာလည်း အောက်ဆီဂျင်ရှာနေကြတဲ့ ပို့စ်တွေအများအပြားရှိနေပြီး ဆေးရုံတွေနဲ့ ICUခန်းတွေထဲမှာလည်း ကိုဗစ်လူနာတွေ အပြည့်ဖြစ်နေတာတွေ့ရပါတယ်။ အောက်ဆီဂျင်ရရှိဖို့အတွက် ဆိုင်တွေရှေ့မှာတန်းစီစောင့်နေကြရတဲ့လူအုပ်ကြီးလည်းရှိသလို အောက်ဆီဂျင်ရရှိဖို့အတွက် တတ်နိုင်သရွေ့အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတွေလည်း ရှိပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

အခုလိုအောက်ဆီဂျင်အခက်အခဲဖြစ်နေတဲ့ လူနာတွေအတွက် အောက်ဆီဂျင်အိုး၀ယ်ယူရန် လက်ရွေးစင်ဘောလုံးသမားအောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံဟာ သားငယ်လေးရဲ့မွေးနေ့အကြိုအလှူအဖြစ် အလှူငွေ ၁၅သိန်းကို ခိုင်နှင်းဝေ ပရဟိတအသင်းကိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေကို တတ်နိုင်သမျှလုပ်နေတဲ့မင်းသမီးတစ်ဦးဖြစ်ပြီး အခုအခါမှာလည်း ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေရရှိအောင် ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=921,q=100/93/93ca99a3afaaeff003d1ef60784aebf70ce90c01.jpg

သတင်း အရင်းအမြစ်Khine Hnin Wai's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T