ခွဲခွာသွားတာ မကြာသေးတဲ့ သားဖြစ်သူကို တစ်နေ့မှမေ့မရဘဲ ပူဆွေးဝမ်းနည်းစွာ ငိုကြွေးနေတဲ့ ရေမွန်မိခင်ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/29/299800c175a563a0113a6ea8e40ec2872c24e22c.jpeg
အနုပညာရှင်များ

 ၁၀-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရေမွန်ဟာ ဇွန်လ (၂၃) ရက်နေ့တွင် အစာအိမ်သွေးကြောပေါက်တဲ့ ရောဂါဖြင့်ကွယ်လွန်အနိစ္စရောက်ခဲ့တာ ဖြစ်ပါတယ်။ မမျှော်လင့်ထားတဲ့ အခြေအနေကို ကြုံတွေ့လိုက်ရတဲ့အတွက် ရေမွန့်ကို ချစ်ခင်ကြသူများအားလုံးက ဝမ်းနည်းပူဆွေးခဲ့ကြရတာ ဖြစ်ပါတယ်။ သူ့ရဲ့မိခင်ကလည်း အားကိုးရလွန်းပြီး မိဘအပေါ်သိတတ်လွန်းတဲ့ သားလိမ္မာလေး ဆုံးရှုံးလိုက်ရတဲ့အတွက် ပြောမပြတတ်အောင်ကို ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။

Photo Crd-Raymond’s Facebook Account 
Photo Crd-Raymond’s Facebook Account 
Photo Crd-Raymond’s Facebook Account 
Photo Crd-Raymond’s Facebook Account 

ဒီနေ့ဆိုရင် ရေမွန်ကွယ်လွန်သွားတာ (၂) ပတ်ကျော်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ခွဲခွာသွားတာမကြာသေးပေမယ့်အားလုံးက အခုချိန်ထိ​သူ့ကို လွမ်းဆွတ်သတိရနေကြဆဲ ဖြစ်ပါတယ်။ ရေမွန်ရဲ့ ညီမလေးကလည်း သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့် အစ်ကိုဖြစ်သူနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း လပြည့်ကဗျာရဲ့ Facebook Story တွင် သားဖြစ်သူကို တစ်နေ့မှမေ့မရနိုင်ဘဲ သတိရတိုင်း ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ မိခင်ရဲ့ ဗီဒီယိုဖိုင်ကို တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-Khin Myat Mon’s Facebook Account 
Photo Crd-Khin Myat Mon’s Facebook Account 
Photo Crd-Khin Myat Mon’s Facebook Account 
Photo Crd-Khin Myat Mon’s Facebook Account 
Photo Crd-Lalyae Kabyar’s Facebook Account 
Photo Crd-Lalyae Kabyar’s Facebook Account 

လွန်ခဲ့တဲ့ တစ်လလောက်က သားဖြစ်သူနဲ့ အတူရှိနေခဲ့တာကို တတွတ်တွတ်ပြောရင်း ငိုနေတာကို မြင်တွေ့ရတာတကယ်ကို ဝမ်းနည်းစရာကောင်းလှပါတယ်။ ရေမွန်ရဲ့တူလေးကလည်း သူ့အဘွားငိုတာကို မြင်ပြီး ဝမ်းနည်းစွာ ငိုနေတာကြောင့် လပြည့်ကဗျာမှ " ရင်တွေလည်း ကွဲရပါတယ် " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းဟာ သူတို့ရဲ့ သားသမီးများအား  အရိပ်တကြည့်ကြည့် အမြဲနေတတ်ကြသူတွေပါ။ သားဖြစ်သူနဲ့စောစီးစွာ ခွဲခွာလိုက်ရတဲ့ အန်တီခင်မြတ်မွန်ကိုကြည့်ပြီး ထပ်တူစိတ်မကောင်း ဖြစ်ရပါတယ်။ ရေမွန်တစ်ယောက်လည်း ကောင်းကင်ဘုံမှာ သူချစ်တဲ့ သီချင်းတွေနဲ့ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Lapyae Kabyar’s ,Raymond’s and Khin Myat Mon’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T