ကိုဗစ်ကူးစက်ရောဂါကြောင့် ICU ခန်းထဲရောက်နေတဲ့ဖခင်က သူတို့သားအမိနှစ်ယောက်ကို ထားသွားပြီဖြစ်လို့အရမ်းဝမ်းနည်းနေတဲ့ စိုပြေမြင့်

//s9.kh1.co/8c/8c1bba24783551895983d2b3f422b626748669f1.jpeg
အနုပညာရှင်များ

 ၀၉-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ကူးစက်ရောဂါကြောင့် ICU ခန်းထဲရောက်နေတဲ့ဖခင်က သူတို့သားအမိနှစ်ယောက်ကို ထားသွားပြီဖြစ်လို့အရမ်းဝမ်းနည်းနေတဲ့ စိုပြေမြင့်

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုပြေမြင့်ကတော့ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေတဲ့သားလိမ္မာလေးပဲဖြစ်ပါတယ်။စိုပြေမြင့်ရဲ့ မိဘနှစ်ပါးကတော့ COVID-19 ကူးစက်ခံလိုက်ရတာကြောင့်  ဇွန်လကတည်းက ဆေးရုံတက်နေရတာဖြစ်ပါတယ်။စိုပြေမြင့်ကလည်း သူ့ရဲ့မိဘနှစ်ပါးကို အစစအရာရာ ဂရုစိုက်စောင့်ရှောက်ပေးပြီး ဆရာဝန်တွေညွှန်ကြားသမျှကို လိုက်နာဆောင်ရွက်ပေးတာဖြစ်ပါတယ်။စိုပြေမြင့်ရဲ့ မိခင်ဖြစ်သူက ဆီးချိုရောဂါရှိနေပေမယ့်လည်း ကိုဗစ်ရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုက်ထုတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit:So Pyay Myint’s FB Acc
Photo Credit:So Pyay Myint’s FB Acc
Photo Credit:So Pyay Myint’s FB Acc
Photo Credit:So Pyay Myint’s FB Acc

ဒါ့ကြောင့် စိုပြေမြင့်ရဲ့မိခင်က ဆေးရုံဆင်းလာရပြီး အိမ်မှာလည်း Quarantine ဝင်လိုက်သေးကာ စနစ်တကျနေထိုင်တာဖြစ်ပါတယ်။ဆေးရုံမှာကျန်နေခဲ့တဲ့ စိုပြေမြင့်ရဲ့ဖခင်ကတော့ ရောဂါကို ရှိတဲ့အင်အားလေးနဲ့ ICU ခန်းထဲမှာ ခုခံနေတာဖြစ်ပါတယ်။သို့သော်လည်း ဖခင်ဖြစ်သူက ကိုဗစ်ရောဂါကို မတွန်းလှန်နိုင်တော့ဘဲ ဒီနေ့မှာ ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်ကြောင်းကို စိုပြေမြင့်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အသိပေးလာခဲ့တာဖြစ်ပါတယ်။

Photo Credit:So Pyay Myint’s FB Acc
Photo Credit:So Pyay Myint’s FB Acc
Photo Credit:So Pyay Myint’s FB Acc
Photo Credit:So Pyay Myint’s FB Acc

စိုပြေမြင့်ကတော့ “ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်အဖေ ဒီလောကကြီးကထွက်ခွါသွားပါပြီ အဖေကောင်းရာဘုံဘဝရောက်ပါစေ သားအမေ့ကိုစောင့်ရှောက်ပေးမယ်နော်အဖေ” ဆိုပြီး ရေးသားထားဖြစ်ပါတယ်။ကိုဗစ်ကူးစက်ရောဂါကို သူ့ရဲ့မိဘနှစ်ပါးလုံး ခံစားခဲ့ရတာဖြစ်ပြီး တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်လို့ အရမ်းဝမ်းနည်းနေတာဖြစ်ပါတယ်။စိုပြေမြင့်ကို အားပေးချစ်ခင်ကြတဲ့ပြည်သူတွေလည်း ကျန်ရစ်သူမိသားစုရဲ့ခံစားချက်ကို ကိုယ်ချင်းစာပြီးထပ်တူဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:So Pyay Myint’s FB Acc
Photo Credit:So Pyay Myint’s FB Acc
Photo Credit:So Pyay Myint’s FB Acc
Photo Credit:So Pyay Myint’s FB Acc

Source&Photo Credit:So Pyay Myint’s FB Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T