ပုဒ်မ ၅၀၅(က) ရုတ်သိမ်းဖို့အတွက် ခံဝန်ကတိထိုးပေးရန် ကြိုးစားခဲ့တဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တစ်ခုကို ဖွင့်ဟဝန်ခံလာတဲ့ မေဦးမောင်

//s9.kh1.co/8c/8cf551756d81d648bb9c63c2e8e3131fcee9f77e.jpeg
အနုပညာရှင်များ

 ၀၉-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မကြာသေးခင် ရက်ပိုင်းက အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသူထဲတွင် မိတ်ကပ်ဖန်တီးပညာရှင် မေဦးမောင်(တော်ဝင်သူ) လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရပြီး  အာဏာရှင်လူတစ်စု ကျင်းပတဲ့ ပွဲတစ်ခုသို့ သွားခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်တွင် တက်လာခဲ့တာကြောင့်ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က မေဦးမောင်ရဲ့ Facebook အကောင့်တွင် ပုဒ်မ ၅၀၅(က) ရုတ်သိမ်းရန် ခံဝန်ကတိထိုးဖို့ကြိုးစားခဲ့တဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တစ်ခုကို ဖွင့်ဟဝန်ခံလာတာ ဖြစ်ပါတယ်။

Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 

သူ့အနေဖြင့် ချစ်ရတဲ့ သားသမီးတွေနဲ့အတူ အလုပ်နဲ့ခရီးတိုလေးတွေ သွားခွင့်မရတော့မှာကို အချိန်တစ်ခုမှာစိုးရိမ်ပူပန်ခဲ့ပါတယ်။ အနုပညာရှင်ခြင်းတူပေမယ့် အသက်မွေးဝမ်းကြောင်းပုံစံခြင်းမတူတဲ့အတွက် သူ့ကို မှီခိုနေရတဲ့ အမြဲတမ်း ဝန်ထမ်း (၂၀) ကျော်နဲ့ အချိန်ပိုင်းဝန်ထမ်းတွေရဲ့ စားဝတ်နေရေးအတွက် ခံဝန်ကတိထိုးဖို့ ကြိုးစားခဲ့ကြောင်း ရိုးသားစွာ ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ အသက်အရွယ်အရ (၄၀) ကျော်ပြီဖြစ်တာကြောင့် ဘဝအသစ်စဖို့ မလွယ်ကူတော့တဲ့ အပြင် မိခင်ဖြစ်သူကို ထောက်ပံ့နေရတဲ့အတွက် အခုလို လက်မှတ်ထိုးခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းတွေကို  ရည်ရွယ်ချက်ရှိရှိ သတင်းလွှင့်ခဲ့တဲ့သူတွေအကြောင်းကိုလည်း အခုလို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 

" လူတိုင်းဟာဘဝတွေဖြစ်တည်မှုတွေမတူတော့အတွေးတွေလုပ်နည်းကိုင်နည်းတွေမတူလို့ ကျွန်မဟာဘယ်တော့မှာအမြင်မတူရင်အတွေးမတူရင်ဘယ်သူကိုမှာမဝေဖန်ပဲစောင့်ကြည့်လေ့လာအမြဲအကဲခတ်လေ့ရှိတယ်။နောက်ပိုင်းအားလုံးတည်ငြိမ်တဲ့အခါကျွန်မဖြစ်ခဲ့တဲ့၅၀၅(က)ထုတ်ပြန်ပြီးနောက်ပိုင်းလူတွေရဲ့ဆက်ဆံမှု၊ ဓါတ်ပုံကိုရအောင်ရိုက်ပြီးရည်ရွှယ်ချက်ရှိရှိပြန့်နှံအောင်လုပ်ခဲ့တဲ့ကျွန်မတို့လောကကလူတစ်ဦးနဲ့အမျိုးသမီးတစ်ယောက်ရဲ့လုပ်ရပ်၊ ဖြစ်ပျက်လာတဲ့ပြသာနာအပေါ်ကျွန်မရဲ့စိတ်ခံစားမှုကိုတည်ငြိမ်အောင်ထားပြီးသွေးအေးအေးနဲ့ဆုံးဖြတ်အဖမ်းခံခဲ့ပုံ၊ ထောင်တွင်းအတွေ့အကြုံတွေကိုအလျှင်းသင့်သလိုရေးသားမယ်လို့စိတ်ကူးထားတယ်တစ်ချိန်ပေါ့၊အခုအချိန်ကတော့အထိအခိုက်မခံတဲ့အချိန်မို့ဆင်ခြင်သင့်တယ်ထင်လို့ခဏလောက်တော့စောင့်ဦးမယ်။ ကျွန်မအပေါ်နားလည်နိုင်ကျမယ်လို့မျော်လင့်မိပါတယ်???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်း မေဦးမောင်ရဲ့ လုပ်ရက်တွေအပေါ် နားလည်ကြောင်းနဲ့ အစစအရာရာ အဆင်ပြေအောင် နေထိုင်ဖို့ကိုလည်းအားပေးစကားများရေးသားထားတာကို သူ့ပို့စ်အောက်တွင် မြင်တွေ့ရပါတယ်။ မေဦးမောင် ခံဝန်ကတိထိုးလိုက်ရတဲ့ အကြောင်းရင်းကို ပရိသတ်တွေ သိရှိစေဖို့အတွက် ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-May Oo Maung’s Facebook Account 

Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T