သူ့ရဲ့မိခင်က ဆီးချိုရောဂါရှိနေတာတောင် ကိုဗစ်ကူးစက်ရောဂါကိုပြန်လည်ခုခံနိုင်ခဲ့တဲ့ အကြောင်းအရင်းကို ရေးသားပြောပြလာတဲ့ စိုပြေမြင့်

//s9.kh1.co/2b/2bba26b451c9ec06ab9a8236f638864fb2aaa1cb.jpeg
အနုပညာရှင်များ

 ၀၉-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲ့မိခင်က ဆီးချိုရောဂါရှိနေတာတောင် ကိုဗစ်ကူးစက်ရောဂါကိုပြန်လည်ခုခံနိုင်ခဲ့တဲ့ အကြောင်းအရင်းကို ရေးသားပြောပြလာတဲ့ စိုပြေမြင့်

ယခုကာလမှာ မိမိတို့နဲ့ရင်းနှီးတဲ့ မိတ်ဆွေတချို့တောင် ကိုဗစ်ရောဂါကိုခံစားနေရသလို မိသားစုဝင်ထဲမှာလည်းCOVID-19 ကူးစက်ခံလိုက်ရတာတွေရှိပါတယ်။မိမိတို့မိသားစုထဲမှာ ကိုဗစ်ကူးစက်ခံလိုက်ရသူရှိရင်လည်း အရမ်းမစိုးရိမ်ကြဘဲ နည်းမှန်လမ်းမှန်နဲ့ စောင့်ရှောက်ပေးရမယ့်အပြင် ကျန်းမာရေးနဲ့ညီညွှတ်မျှတပြီး အဟာရပြည့်ဝအောင် ချက်ကျွေးဖို့လိုပါတယ်။အမြို့မြို့၊အနယ်နယ်မှာ ကိုဗစ်ကူးစက်ခံလိုက်ရသူတွေ များပြားနေတာကြောင့်ဆေးရုံတွေမှာလည်း လူနာပြည့်နှက်နေတယ်လို့ သိရပါတယ်။

Photo Credit:So Pyay Myint’s Facebook Acc 
Photo Credit:So Pyay Myint’s Facebook Acc 
Photo Credit:So Pyay Myint’s Facebook Acc 
Photo Credit:So Pyay Myint’s Facebook Acc 

သရုပ်ဆောင်စိုပြေမြင့်ရဲ့ မိဘနှစ်ပါးကလည်း ဇွန်လလယ်လောက်က ကိုဗစ်ရောဂါကူးစက်ခံလိုက်ရလို့ ဆေးရုံတက်ပြီး ကုသလိုက်ရတာဖြစ်ပါတယ်။စိုပြေမြင့်လည်း မိဘနှစ်ပါးအတွက် အဝေးကနေ အစစအရာရာဂရုစိုက်ပေးလို့ မိခင်ဖြစ်သူက ကိုဗစ်ကူးစက်ရောဂါပျောက်သွားပြီဖြစ်ပါတယ်။စိုပြေမြင့်ရဲ့ မိခင်လည်း ရောဂါပျောက်ကင်းသွားတာကြောင့် ဆေးရုံဆင်းပြီး အိမ်မှာပဲ Quarantine ဝင်လိုက်သေးတာဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့ ဖခင်ဖြစ်သူက ဆေးရုံမှာ ကုသမှုဆက်လက်ခံယူနေရဆဲဖြစ်ပါတယ်။

Photo Credit:So Pyay Myint’s Facebook Acc 
Photo Credit:So Pyay Myint’s Facebook Acc 
Photo Credit:So Pyay Myint’s Facebook Acc 
Photo Credit:So Pyay Myint’s Facebook Acc 

စိုပြေမြင့်က ကိုဗစ်ကူးစက်ရောဂါပျောက်ကင်းခဲ့တဲ့ မိခင်ရဲ့အကြောင်းကိုရေးသားပြောပြလာတာဖြစ်ပါတယ်။သူ့ရဲ့မိခင်ကတော့ ဆီးချိုရောဂါရှိနေတာတောင် ငါအသက်ရှင်ဖို့အရေးကြီးတယ်ဆိုတဲ့စိတ်နဲ့ အားတင်းပြီးဖြတ်သန်းလာခဲ့လို့ ရောဂါပိုးကိုခုခံနိုင်ခဲ့တာဖြစ်ပါတယ်။ရောဂါပျောက်ပြီးနောက်ပိုင်းမှာလည်း Mask လုံးဝမချွတ်ဘဲစနစ်တကျနေထိုင်နေတာဖြစ်ပါတယ်။စိုပြေမြင့်ကတော့ ICU ခန်းထဲမှာကျန်နေခဲ့တဲ့ ဖခင်ကိုလည်း တတ်နိုင်သလောက်ဂရုစိုက်ပေးနေတယ်ဆိုတဲ့အကြောင်းလေးကို မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:So Pyay Myint’s Facebook Acc 
Photo Credit:So Pyay Myint’s Facebook Acc 
Photo Credit:So Pyay Myint’s Facebook Acc 
Photo Credit:So Pyay Myint’s Facebook Acc 

Source&Photo Credit:So Pyay Myint’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T