အကြောင်းမဲ့ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီလို့ သတင်းတွေထွက်ပေါ်နေတဲ့ အဆိုတော်မီးနို

//s9.kh1.co/8e/8e85ad1db726ae03954f11561744a04b2f7a84df.jpeg
အနုပညာရှင်များ

 ၀၈-လိုင်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ ရက်ပိုင်းက နေအိမ်ကနေ ဖမ်းဆီးခံခဲ့လိုက်ရတဲ့ အဆိုတော်မီးနိုဟာ ဒီကနေ့မှာတော့ ပြန်လည်လွတ်မြောက်လာပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

မီးနိုလွတ်မြောက်လာတဲ့အကြောင်းကိုတော့ သူမနဲ့ နီးစပ်ရာအသိုင်းအဝိုင်းက လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားကာ ဝမ်းသာအားရ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

မီးနိုကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ(၆)ရက်နေ့က နေအိမ်ကနေ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခံရတာဖြစ်ပြီး (၂) ရက်အကြာ ဒီကနေ့ ဇူလိုင်(၈)ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတာပါ..။

လက်ရှိအချိန်ကာလကြီးမှာ ပရဟိတအလုပ်တွေနဲ့ ပြည်သူ့အကျိုးပြုနေတဲ့ မီးနိုတစ်ယောက် အခုလို ပြန်လည်လွတ်မြောက်လာတဲ့အတွက် ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်..။

Photo Credit - Than Phyo Aung's Fb Acc
Photo Credit - Than Phyo Aung's Fb Acc
Photo Credit - Charity Htoo Mawite's Fb Acc
Photo Credit - Charity Htoo Mawite's Fb Acc

ကျန်းကျန်းမာမာနဲ့ အချိန်တိုအတွင်း ပြန်လည်လွတ်မြောက်လာတဲ့ မီးနိုအတွက် မိသားစုတွေနဲ့ထပ်တူ စိတ်အေးဝမ်းသာရသလို ပရိသတ်တွေအတွက်လည်း သတင်းကောင်းလေးကို ဝေမျှအသိပေးလိုက်ပါတယ်နော်..။

မီးနိုဟာ 2009 Melody World ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး အောင်မြင်နေတဲ့ အနုပညာရှင်အဖြစ်လည်း ရပ်တည်နေသလို စစ်ရှောင်ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T