သေနတ်ကိုင်ပြီး တောထဲရောက်နေပေမယ့် သတင်းတွေကို ပြက်လုံးအဖြစ်ဖန်တီးကာ တော်လှန်ရေးအငြိမ့်ကပြမယ့် ဟားငါးကောင် အဖွဲ့

//s9.kh1.co/7f/7f2011e6e79b1e82fae2c6cac4bc8f025b1bdad3.jpeg
အနုပညာရှင်များ

 ၀၈-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ဇာတ်သဘင်လောကမှာ အထိုက်အလျောက်အောင်မြင်မှုတွေထားပေမယ့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး မျိုးချစ်စိတ်အပြည့်နဲ့ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့ ဟားငါးကောင်အဖွဲ့ကိုတော့ ပရိသတ်တွေ လေးစားချစ်ခင်နေကြမှာပါ..။

ချစ်ခင်တွယ်တာရတဲ့ အနုပညာကိုခဏတာလက်လွတ်ပြီး အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တောထဲမှာ စစ်ပညာသင်ယူနေကြသူတို့အဖွဲ့ကတော့ မကြာခင်မှာ အငြိမ့်ကပြဖျော်ဖြေသွားမယ်လို့ သိရပါတယ်..။

Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc

စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ကာ သေနတ်ကိုင်ပြီး တောထဲရောက်နေပေမယ့် သတင်းတွေကို ပြက်လုံးအဖြစ်ဖန်တီးကာ တော်လှန်ရေးအငြိမ့်ကပြသွားမယ့်လို့ ပြောပြလာပါတယ်..။

ရယ်စရာတွေနဲ့အတူ အားရှိစရာသတင်းတွေကို ပြက်လုံးအဖြစ် ဖန်တီးကာ အနုပညာနဲ့တော်လှန်မယ့် ဟာသသပိတ်ဖြစ်တဲ့ ဟား၅ကောင်ရဲ့ တော်လှန်ရေးအငြိမ့်အကြောင်းကို တိုင်းကျော်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားတာ ဖြစ်ပါတယ်..။

Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc

"ကျွန်တော် တို့ ကို အငြိမ့်စင်ပေါ် 

ရောက်စေချင်နေပြီဆို တဲ့ မိသားစုတွေ

မကြာခင်အငြိမ့်ကြည့်ရတော့မယ်

pvtv ၊ D day ၊ DVB ၊ အစရှိတဲ့channel

တွေက လွှင့်လိမ့်မယ် ရယ်စရာတွေနဲ့

အတူအားရှိစရာသတင်းတွေကို

ပြက်လုံးအဖြစ်ကြိုးစားဖန်တီးမယ်

အနုပညာနဲ့တော်လှန်မဲ့ ဟာသသပိတ်

ဟား၅ကောင်ရဲ့ တော်လှန်ရေးအငြိမ့်

စီစဉ်သူတွေ ၊ ဒါရိုက်တာတွေ က

နိုင်ငံရေး ရော အနုပညာ မှာပါ 

တော်လွန်းကြသူတွေဆိုတော့

သေချာတယ် ဟား၅ကောင်ရဲ့

အကောင်းဆုံးအငြိမ့်ခန်းမကြာခင်

ကြည့်ရတော့မယ်

တိုင်းကျော် ( ဟား၅ကောင် ).." ဆိုပြီး တိုင်းကျော်က အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

မကြာခင်မှာ ပြက်လုံးအသစ်အဆန်းတွေနဲ့ မြင်တွေ့ရတော့မယ့် ဟားငါးကောင်တို့ရဲ့ အငြိမ်သဘင်ကို ပြည်သူတွေကလည်း စိတ်ဝင်တစားနဲ့ စောင့်မျှော်အားပေးနေကြမယ့်အကြောင်းတွေကို Comment တွေမှာ ပြောထားကြပါတယ်..။

Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc

သတင်း အရင်းအမြစ်Taingkyaw's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T