ဒီရက်ပိုင်းအတွင်း သူမရဲ့စိတ်ကို နာကျင်စေတဲ့ သတင်းတစ်ခုအား ဝမ်းနည်းစွာဖြင့် ရင်ဖွင့်ပြောပြလာခဲ့တဲ့ ထားထက်ထက်

//s9.kh1.co/ca/ca5b751eb915bb9189b42af7381a72c7158cce61.jpeg
အနုပညာရှင်များ

 ၀၈-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ထားထက်ထက်ကတော့ လက်ရှိအချိန်မှာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ကြိုးစားပြင်ဆင်နေတာ ဖြစ်ပါတယ်။ တောထဲမှာ ရောက်ရှိနေကြတဲ့ ရဲဘော်များရဲ့လိုအပ်ချက်များအတွက် လူမှုကွန်ယက်မှတစ်ဆင့်  အလှူငွေများ  ကောက်ခံပေးနေတာလည်း ဖြစ်ပါတယ်။ အခုလိုတွေ လုပ်ဆောင်နေပေမယ့်လည်း မနာလိုသူတစ်ချို့ရဲ့ ဝေဖန်တိုက်ခိုက်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

Photo Crd-Htar Htet Htet’s Facebook Page

သူမထံ လှူတဲ့ အလှူငွေများစွာထဲမှ သုံးပုံတစ်ပုံသာ စခန်းသို့ ရောက်ရှိတယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မကြာသေးခင် နာရီပိုင်းလောက်က ထားထက်ထက်ရဲ့ Facebook Page တွင်ပြန်လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။ စခန်းမှာ လိုအပ်တဲ့အရာတွေအားလုံးကို ဖြည့်ဆည်းပေးဖို့ ကြိုးစားတဲ့အခါသူမရဲ့ လွတ်လပ်မှုတွေကို စတေးခဲ့ရပါတယ်။ ဒလန်ရဲ့သတင်းပေးမှုကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရစဉ်အတွင်းမှာလည်း အလှူ ရသမျှကို စခန်းအတွက်ကောက်ခံပေးနေဆဲ ဖြစ်ပါတယ်။ အလှူငွေများကိုလည်း သူမကိုယ်တိုင်မကိုင်ဘဲ အဖွဲ့အစည်းမှ တာဝန်ရှိသူများကိုသာ ပေးအပ်ထားကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။အလှူရငွေ ကျပ် သိန်း ၁၁၀၀ ဝန်းကျင်ကို တကယ်လိုအပ်နေတဲ့ လူသားချင်းစာနာမှု  အထောက်အကူပြု ပစ္စည်းတွေမှာ အသုံးပြုခဲ့ပါတယ်။  မြန်မာကျပ်ငွေကို July လ မှာ စတင်လက်ခံပြီး ယခု အချိန်အထိ သိန်း ၁၀၀ ဝန်းကျင်ရှိပါတယ်။ မြန်မာကျပ်ငွေအလှူဟာ အလှူရှင်တွေအတွက် လုံခြုံရေးပြသနာ ရှိနေတဲ့ အတွက် သတိကြီးကြီးထားပြီး အလှူငွေရဖို့ထက် အလှူရှင်အန္တရာယ် မဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

Photo Crd-Htar Htet Htet’s Facebook Page
Photo Crd-Htar Htet Htet’s Facebook Page
Photo Crd-Htar Htet Htet’s Facebook Page
Photo Crd-Htar Htet Htet’s Facebook Page

မဖြစ်မနေ ဆောင်ရွက်ရန်ရှိတဲ့ ကိစ္စတချို့ကြောင့် ပထမဆုံးရှိနေခဲ့တဲ့ စခန်းနဲ့ အဝေးရောက်နေရင်ရောက်နေပေမယ့်လည်း စခန်းအတွက် သူမတတ်နိုင်တဲ့ ဘက်ကနေဆောင်ရွက်ပေးနေဆဲ ဖြစ်ပါတယ်။ အခုလိုတွေ လုပ်ဆောင်ပေးနေတာတောင် သူမဆီလှူတဲ့ အလှူငွေ ၃ ပုံ ၁ ပုံပဲ စခန်းဆီ ရောက်တယ် ဆိုတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။  ဘယ်လို အခြေအနေပဲရောက်ရောက် အသက်သာအသေခံသွားမှာ ဖြစ်ပြီး ဘယ်တော့မှကိုယ်ကျိုးအတွက် အလှူငွေထဲက တစ်ပြားတစ်ချပ်မှ အသုံးပြုမှာ မဟုတ်တဲ့အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ ကိုယ်တိုင်လည်း အလွဲသုံးစား မလုပ်သလို အလေအလွင့် မဖြစ်ရစေအောင်

တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေတာတောင် အခုလို အထင်လွဲခံရတဲ့အတွက် ဒီလကုန်မှစပြီး အလှူခံတဲ့ ကိစ္စကို ရပ်နားတော့မှာ ဖြစ်ပါတယ်။  ယုံကြည်ချက်နဲ့ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ ဖြစ်လို့ ချီးကျူးသံ ၊ လက်ခုပ်သံတွေ မရရင်လည်း နေတတ် ၊ ကျေနပ်ပြီးသား ဖြစ်သလို စိတ်ကိုလဲ ပြင်ဆင်ပြီးသား ဖြစ်ပေမယ့်  သိက္ခာပိုင်းအရ ထိခိုက်မှု၊ တွန်းတိုက်မှုကိုတော့  ဘယ်နည်းနဲ့မှ ခွင့်လွှတ်လက်ခံမှာ မဟုတ်ဘူးဆိုတာ သိစေချင်တဲ့အကြောင်း ရေးသားထားပါတယ်။  တစ်ယောက်နဲ့တစ်ယောက် အပြစ်ပြောမနေကြဘဲ ကိုယ်လုပ်စရာရှိတာကို ဆောင်ရွက်မှသာအရေးတော်ပုံ အမြန်ဆုံး အောင်မြင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း အခြေအနေမှန်ကို သိရှိစေရန် ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Htar Htet Htet’s Facebook Page 

Photo Crd-Htar Htet Htet’s Facebook Page
Photo Crd-Htar Htet Htet’s Facebook Page
Photo Crd-Htar Htet Htet’s Facebook Page
Photo Crd-Htar Htet Htet’s Facebook Page
Photo Crd-Htar Htet Htet’s Facebook Page
Photo Crd-Htar Htet Htet’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T