ကိုဗစ်ရောဂါပျောက်ကင်းသွားတဲ့ အမေ့အတွက် ဝမ်းသာရပေမယ့် ဆေးရုံတွင် ပိုက်တန်းလန်းနဲ့ ကုသနေရတဲ့ ဖခင်ကြောင့် သောကရောက်နေတဲ့ စိုပြေမြင့်

//s9.kh1.co/a5/a51440494af73976f5a7b52ddc7799672d3b134c.jpeg
အနုပညာရှင်များ

 ၀၈-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မကြာသေးခင် ရက်ပိုင်းလောက်က သရုပ်ဆောင် စိုပြေမြင့်ရဲ့ မိဘနှစ်ပါးလုံး ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ စိုပြေမြင့်ရဲ့ ဖခင်ဟာ ဆရာဝန်တစ်ဦးဖြစ်တာကြောင့် ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ထားရာမှတစ်ဆင့်ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဖေနဲ့အမေ ရောဂါဖြစ်နေချိန်မှာ အနီးကပ်ပြုစုခွင့်မရခဲ့တဲ့အတွက် စိုပြေမြင့်တစ်ယောက် စိတ်မကောင်း ဖြစ်ခဲ့ရတာပါ။

Photo Crd-So Pyay Myint’s Facebook Account 
Photo Crd-So Pyay Myint’s Facebook Account 
Photo Crd-So Pyay Myint’s Facebook Account 
Photo Crd-So Pyay Myint’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်က စိုပြေမြင့်ရဲ့ Facebook Story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ ကိုဗစ်ရောဂါပျောက်ကင်းသွားပြီဖြစ်တဲ့ ချစ်မေမေကို သွားရောက်တွေ့ဆုံခဲ့တဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ မိခင်ဖြစ်သူမှာ ကျန်းမာပြီဖြစ်တဲ့အတွက် ဆေးရုံဆင်းခွင့်ရပြီ ဖြစ်ပေမယ့်လည်း သူ့ရဲ့ဖခင်ကတော့ ICU ထဲတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ " အဖေလည်း အမြန်ဆုံး သက်သာပျောက်ကင်းပါစေ ဒီလိုပုံကြီး မမြင်ချင်တော့ပါဘူး အရင်လို ပျော်ပျော်လေးနေတာပဲ မြင်ချင်တော့တယ် " ဆိုပြီး ဝမ်းနည်းဖွယ် ရေးသားထားတာဖြစ်ပါတယ်။

Photo Crd-So Pyay Myint’s Facebook Account 
Photo Crd-So Pyay Myint’s Facebook Account 
Photo Crd-So Pyay Myint’s Facebook Account 
Photo Crd-So Pyay Myint’s Facebook Account 

ကိုဗစ်ရောဂါကူးစက်ပြန့်ပွားနှုန်းတွေဟာ အရင် First wave , second wave တွေထက် ပိုမို ဆိုးရွားနေပါတယ်။ Mask တပ်တဲ့အခါမှာလည်း အရင်လို တစ်ထပ်  တပ်ရုံနဲ့တင် မရတော့ဘဲ အဝတ် mask တစ်ခုနဲ့ surgical mask နှစ်ထပ်တပ်ဆင်မှသာ ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး အိမ်မှာနေခြင်းဟာ ရောဂါကူးစက်မှုတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘပြည်သူများအနေနဲ့ မိမိတို့ရဲ့ကျန်းမာရေးအတွက် အာဟာရဖြစ်စေမယ့် အစားအစားများ စားသောက်ခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်းတို့ကိုအချိန်မှန်ပြုလုပ်သင့်ကြောင်း တိုက်တွန်းပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-So Pyay Myint’s Facebook Account 

Photo Crd-So Pyay Myint’s Facebook Account 
Photo Crd-So Pyay Myint’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T