တောထဲကို သူတို့ငါးယောက်လုံး သွားရောက်ပြီး စစ်ပညာသင်ကြားဖြစ်ခဲ့တဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကိုဖွင့်ဟပြောပြလာတဲ့ တိုင်းကျော်

//s9.kh1.co/46/46896c06e3ebf639eace76781c066773abe8c33a.jpeg
အနုပညာရှင်များ

 ၀၈-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ဟာသပြက်လုံးတွေနဲ့ အပန်းပြေစေခဲ့သူတွေကတော့ လူရွှင်တော်ဟားငါးကောင်အဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့တစ်ဖွဲ့လုံးဟာ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာအမှန်တရားဘက်က ရပ်တည်ပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် တိုင်းကျော်နဲ့ပိုးလေးကိုလိုက်ဖမ်းနေကြတဲ့ အချိန်တွင် ကျန်ရှိနေတဲ့ အဖွဲ့ဝင်များကလည်း တိုင်းကျော်တို့နဲ့အတူ လွတ်မြောက်နယ်မြေသို့သွားရောက်ရန် ပြတ်သားစွာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း လူရွှင်တော် တိုင်းကျော်ရဲ့ လူမှုကွန်ယက်တွင် သူတို့အဖွဲ့ရဲ့ တစ်ယောက်ပေါ်တစ်ယောက် ညီအစ်လိုအရင်းတွေလို ချစ်ခင်ကြပုံတွေကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သာတယ် နာတယ် မရှိဘဲ ဘယ်လိုဒုက္ခတွေနဲ့ ကြုံတွေ့ကြပါစေ မညည်းညူကြဘဲ အခက်အခဲမှန်သမျှ အတူတူ ရင်ဆိုင်ဖြေရှင်းခဲ့ကြတာ ဖြစ်ပါတယ်။ သူနဲ့ ပိုးလေးကို လိုက်ဖမ်းနေစဉ်ကာလတုန်းကလည်း ကျန်တဲ့ သုံးယောက်ကပါ  တိုင်းကျော်တို့နဲ့အတူ လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်ခဲ့ကြတာ ကိုလည်း " ဘယ်လို ဒုက္ခ ကြုံကြုံ မညည်းညူကြဘူး။ မင်းကြောင့် ငါ့ကြောင့်တွေ မရှိဘူ အခုလည်း  ဒီအတိုင်းဘဲ ကျွန်တော်နဲ့ ပိုးလေးကို လိုက်ဖမ်းပြီဆိုတော့ ကျန် ၃ ယောက်ကပါ  အတူလိုက်ခဲ့တယ်

၃ယောက်လုံး အတူတူပြောတဲ့စကားက  ငါတို့က ဟား၅ကောင်လေတဲ့ " ဆိုပြီး တိုင်းကျော်မှ ရေးသားဝေမျှထားပါတယ်။

Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 

ဟားငါးကောင်အဖွဲ့ရဲ့ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ ချစ်ခြင်းမေတ္တာတရားတွေကတော့ တကယ်လေးစားစရာပါပဲ။လွတ်မြောက်နယ်မြေမှာလည်း သူတို့တတ်နိုင်တဲ့အခန်းကဏ္ဍနေ တော်လှန်ရေးတိုက်ပွဲများအတွက် ကြိုးစားပြင်ဆင်နေကြတာကိုလည်း အားတက်ဖွယ် မြင်တွေ့ကြရမှာပါ။ သေမတူရှင်မကွာ ညီအစ်ကိုအရင်းတွေလိုသံမဏိစိတ်ဓာတ်အပြည့်ရှိကြတဲ့ ဟားငါးကောင်အဖွဲ့သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Taing Kyaw’s Facebook Account 

Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T