လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြင်ပြီး အသက်ရှုပါ ကြပ်လာတဲ့အထိ စိတ်မကောင်း ဖြစ်နေရကြောင်း ရင်ဖွင့်လာတဲ့ မထက်

//s9.kh1.co/f9/f962303f5ebb46bdd0b06d4051a757fbf4328934.jpeg
အနုပညာရှင်များ

 ၀၈-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေး မငြိမ်မသက်ဖြစ်နေမှုများသာမကဘဲ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားနှုန်းတွေကအတော်လေး မြန်ဆန်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း နေ့စဉ်နဲ့အမျှ စိတ်မချမ်းသာစရာအခြေအနေများကို ရင်ဆိုင်နေကြရတာပါ။ စိတ်ဓာတ်တွေအောက်ဆုံးထိ ကျနေကြပေမယ့်လည်း ပြည်သူအချင်းချင်း အားတင်းပြီး ရိုင်းပင်းကူညီနေကြတာကိုလည်း အားတက်ဖွယ်ကောင်းလောက်အောင်  မြင်တွေ့ကြရမှာပါ။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

ပုဒ်မ ၅၀၅(က) ထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေကြရတဲ့ အနုပညာရှင်များကလည်း ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတာကို မြင်ပြီး သူတို့ဘာမှ ကူညီခွင့်မရတဲ့အတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြရတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်းမိတ်ကပ်ဖန်တီးပညာရှင် မထက်ရဲ့ Instagram story တွင် လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြင်ပြီးအသက်ရှုပါ ကြပ်လာတဲ့အထိ စိတ်မချမ်းသာ ဖြစ်နေရကြောင်းကို ရင်ဖွင့်ရေးသား ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Ma Htet’s Instagram Account 
Photo Crd-Ma Htet’s Instagram Account 
Photo Crd-Ma Htet’s Instagram Account 
Photo Crd-Ma Htet’s Instagram Account 

သူမကလည်း " Facebook ပြန်စသုံးတာ နိုင်ငံရေး၊လူမှုရေး၊ကိုဗစ်ရေးတွေနဲ့ အသက်ရှုပါ ကြပ်လာသလိုပဲ " ဆိုပြီးသူမရဲ့ ဓာတ်ပုံနှင့်တကွ ဝေမျှထားတာ ဖြစ်ပါတယ်။ ဒီကာလကြီးဟာ ဘယ်သူမဆို စိတ်ညစ်စရာအခြေအနေများနဲ့ရင်ဆိုင်နေကြရမှာ အသေအချာပါပဲ။ တစ်နေကုန် စိတ်ညစ်ညူးစရာတွေကို တွေးတောမနေဘဲ စိတ်အပန်းဖြေလို့ရမယ့် အရာတစ်ခုခုကိုလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းပြီးကပ်ကြီးသုံးပါးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Ma Htet’s Instagram Account and Original Uploader

Photo Crd-Ma Htet’s Instagram Account 
Photo Crd-Ma Htet’s Instagram Account 
Photo Crd-Ma Htet’s Instagram Account 
Photo Crd-Ma Htet’s Instagram Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T