"ဂါ" promtion ပွဲလုပ်နေတဲ့ ဝို်င်းစု

မက်လောက်စရာ မျက်လှည့် အာဘွား ခါချနေရတယ် အစရှိတဲ့တေးအယ်ဘမ် လေးခုထွက်ရှိထားပြီးဖြစ်တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းဟာ ယနေ့မှာတော့ သူမရဲ့ အယ်လ်ဘမ်သစ်ဖြစ်တဲ့ "ဂါ" ကို လှည်းတန်းစင်တာမှာ သူမရဲ့ ပရိသတ်တွေနဲ့ Promtion ပွဲလုပ်နေပါပြီ။ ဝို်းစုဟာ သရုပ်ဆောင်လိုင်းဘက်မှာ သိပ်မအောင်မြင်ခဲ့ပေမယ့် အဆိုလို်င်းဘက်မှာတော့ သိပ်ကိုအောင်မြင်မြင်ခဲ့ပါတယ်။ ဝိုင်းစုဟာ ထွက်သမျှသီချင်းတိုင်းပေါက်တယ်လို့ပြောရလောက်အောင် ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။

အခုထွက်ရှိလာမယ့် ဂါ ကိုတော်တော်အချိန်ယူပြင်ဆင်ထားပြီး အရင်နဲ့မတူတဲ့ ပုံစံသစ်လေးတွေလည်း ပါဝင်လာမယ်လို့ ဝိုင်းစုက ပြောခဲ့ပါတယ်။ အခုဆိုရင်တော့ ဝိုင်းစု ရဲ့ "ဂါ" ကို လှည်းတန်းစင်တာမှာကျင်းပနေပြီဖြစ်ပါပြီ။ ဒီပွဲမလုပ်ခင် ရက်ပိုင်းအတွင်းမှာတော့ ဝို်င်းစုနဲ့ပတ်သတ်တဲ့ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနေ့မနက်ခင်းပို်င်းမှာဆိုရင်လည်း ဝိုင်းစုကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းတွေထပ်မံပေါ်ထွက်လာပြန် ပါတယ်။ ဒါပေမဲ့လည်း ဝိုင်းစုဖက်ကဆော့ ဘာမှအတည်ပြုပြောကြားတာမျိမရှိသေးတော့လည်း အသေချာကြီးတော့ ပြောလို့မရသေးပါဘူး။

ဘယ်လိုကောလဟာလတွေပဲထွက်ထွက် ဝိုင်းစုရဲ့ ပရိသတ်တွေကလျော့မသွားပါဘူး။ အခုလှည်းတန်းစင်တာမှာကျင်းပနေတဲ့ "ဂါ" ပွဲမှာလည်း ဝိုင်းစုကိုချစ်တဲ့ ဝိုင်းစုကချစ်တဲ့ ပရိသတ်တွေနဲ့စည်ကားနေမယ်ဆိုတာ သေချာပါတယ်။ ကဲ ဝို်င်းစုရဲ့ ဂါ အယ်ဘမ်မှာ ဘယ်သီချင်းတွေက ဘယ်လောက်ထိပေါက်ပြီး ဝိုင်းစုတစ်ယေက် ဘာဆုတွေထပ်ရဦးမလဲဆိုတာ စောင့်ကြည့်ရအောင်လား ပရိသတ်ကြီးရေ..........

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။