၅၀၅(က)နဲ့အမှုပိတ်သိမ်းခံရပြီးနောက်မှာ ခွေးဂေဟာလေးမှာ အလှူလုပ်ရင်းပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာတဲ့ ကျော်ကျော်နန္ဒ

//s9.kh1.co/3c/3cfe45daa67bdb8c3ad1934eb921fafbb25c3d6d.jpg
အနုပညာရှင်များ

 ၀၇-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အာဏာသိမ်းဖြစ်ပွားအပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေများစွာရှိသလို အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တွေလည်းများစွာရှိခဲ့ပါတယ်။ အခုလိုဖမ်း၀ရမ်းထုတ်ခဲ့ရတာကြောင့် ရှောင်ပုန်းခဲ့ရတဲ့အထဲမှာ ကျော်ကျော်နန္ဒလည်းအပါအ၀င်ဖြစ်ခဲ့ပါတယ်။

Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page
Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page
Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page
Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page

ကျော်ကျော်နန္ဒက ဆင်းရဲဒုက္ခတွေနဲ့အချိန်တစ်ခုကြာရှောင်ပုန်းခံရပြီး မကြာသေးမီအချိန်ကတော့ စစ်ကောင်စီဘက်ကနေ ၅၀၅(က)နဲ့အမှုဖွင့်ထားခဲ့တဲ့ အနုပညာရှင်အချို့ကိုပြန်လည်ရုတ်သိမ်းပေးခဲ့တဲ့ စာရင်းထဲမှာပါ၀င်လာခဲ့တာဖြစ်ပါတယ်။ အခုလိုအမှုပိတ်သိမ်းခံရပြီးနောက်မှာတော့ ကျော်ကျော်နန္ဒကနေအိမ်ကိုပြန်ခွင့်ရခဲ့ကာ ခွေးဂေဟာလေးမှာသွားရောက်အလှူလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုကာလမှာ လူတွေလည်းစား၀တ်နေရေးကြပ်တည်းနေကြသလို ခွေးဂေဟာလေးတွေမှာလည်း လှူမဲ့အလှူရှင်မရှိတာကြောင့် ခွေးလေးတွေခမျာအစားအသောက်ရှားပါးနေကြရတာပါ။

Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page
Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page
Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page
Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page

အခုလို တိလေးတွေရဲ့ဂေဟာကိုသွားကာ ပေါင်မုန့်တွေနဲ့ အသားတွေလှူဒါန်းခဲ့တဲ့ကျော်ကျော်နန္ဒရဲ့အလှူကတော့ အင်မတန်မွန်မြတ်လှပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "ယနေ့ အေးချမ်းသောအလှူတိ ကလေးတွေ အတွက်

ကုသိုလ်အားလုံးအေးချမ်းကြပါစေ....." ဆိုတဲ့ captionလေးနဲ့အတူ ခွေးဂေဟာလေးမှာသွားရောက်လှူဒါန်းကုသိုလ်ယူခဲ့တဲ့ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page
Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page
Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page
Photo credit-​ Kknd-L ကျော်ကျော်နန္ဒ Fb Page

သတင်း အရင်းအမြစ်Kknd-L ကျော်ကျော်နန္ဒ Fb Page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T