တောထဲမှာ ဒုက္ခတွေများစွာနဲ့ နေထိုင်ခဲ့ရပေမယ့်လည်း စိတ်ဓာတ်မကျဘဲ တော်လှန်နေဆဲဖြစ်ကြောင်း ပုံနှင့်တကွ သက်သေပြလိုက်တဲ့ မေဦးတို့ချစ်သူနှစ်ဦး

//s9.kh1.co/8e/8e5850e8c67756f3f2ba78d9bc8b3d1cdeb45c5c.jpeg
အနုပညာရှင်များ

 ၀၇-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်ဟန်လင်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူထူလှုပ်ရှားမှုတွေမှာ ပြည်သူတွေဘက်ကနေရပ်တည်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာလည်း လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီးတော်လှန်ရေးအတွက် ကျရာနေရာကနေ ပါဝင်တိုက်ပွဲဝင်ဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။ ပြည်သူတွေသွေးမအေးကြစေရန်အတွက် လူမှုကွန်ယက်မှတစ်ဆင့် စိတ်ဓာတ်ခွန်အားများ ပေးနေကြတာကိုလည်း မြင်တွေ့ရပါတယ်။

Photo Crd-Han Lin’s Facebook Page 
Photo Crd-Han Lin’s Facebook Page 
Photo Crd-Han Lin’s Facebook Page 
Photo Crd-Han Lin’s Facebook Page 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဟန်လင်းရဲ့ Facebook Page တွင် တောထဲမှာ အခက်အခဲဒုက္ခတွေများစွာနဲ့ နေထိုင်ရပေမယ့် စိတ်ဓာတ်မကျဘဲ တော်လှန်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း ဓာတ်ပုံနှင့်တကွ သက်သေပြလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေ ဖြစ်ကြပေမယ့်လည်း အာဏာရှင်လူတစ်စုကို အမြစ်ဖြတ်ချေမှုန်းဖို့လွတ်မြောက်နယ်မြေတွင် ကြိုးစားရုန်းကန် နေထိုင်နေကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးမပြီးသေးဘူးဆိုတဲ့ အသိနဲ့သတိအမြဲ ရှိနေတယ်ဆိုတဲ့ အကြောင်းကိုလည်း အခုလိုရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Han Lin’s Facebook Page 
Photo Crd-Han Lin’s Facebook Page 
Photo Crd-Han Lin’s Facebook Page 
Photo Crd-Han Lin’s Facebook Page 

" အ လွမ်း ပြေ … တော်လှန်ရေး မပြီးသေးဘူးဆိုတဲ့ အသိနဲ့သတိ အမြဲကပ်ထားတယ် … " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဟန်လင်းတို့အတွဲကို အမြဲသတိရှိရှိနေထိုင်ကြဖို့comment များရေးသား ထားကြတာကိုလည်း မြင်တွေ့ရပါတယ်။ ရောင်နီလာမယ့် နေ့သစ်တွေ မကြာခင်မှာရောက်လာတော့မှာ ဖြစ်တဲ့အတွက် သွေးအေးမသွားကြဘဲ တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါဦးလို့ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Han Lin’s Facebook Page 

Photo Crd-Han Lin’s Facebook Page 
Photo Crd-Han Lin’s Facebook Page 
Photo Crd-Han Lin’s Facebook Page 
Photo Crd-Han Lin’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T