လမ်းခရီးမှာ မထင်မှတ်ဘဲ ကြုံဆုံခဲ့ရတဲ့ ကားတိမ်းမှောက်မှုတစ်ခုကြောင့် တတ်နိုင်သလောက် ကူညီမှုတွေ ပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/d3/d3835f2e5c03ca2b8d8537f183025296f26efda1.jpeg
အနုပညာရှင်များ

 ၀၇-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ပရဟိတ အလုပ်တွေဆိုတာ တော်ရုံ လူတိုင်းမလုပ်နိုင်တဲ့ အရာပါ ။ ကိုယ်ကျိုးစွန့် ပြီး လုပ်ဆောင်ရတာတွေ ဖြစ်လို့ အများအကျိုးအတွက် လူမျိုးတန်းစားမရွေး နေရာမရွေး သွားရောက် ကူညီဖို့ အသင့်ဖြစ်နေရတဲ့ အလုပ်ဆိုလည်း မမှားပါဘူး ။ မင်းသားကြီး ဝေဠုကျော်ဆိုရင်လည်း ပရဟိတ အသင်းကြီးကို တည်ထောင်ထားပြီး လိုအပ်နေတဲ့သူတွေကို ကိုယ်တိုင် လိုက်လံ ကူညီပေးနေသူတစ်ယောက်ပါ ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေး ခက်ခဲနေသူတွေကိုလည်း အဖွဲ့သားတွေနဲ့အတူ ဘယ်လောက် ဝေးလံနေပါစေ ခက်ခက်ခဲခဲ သွားရောက်ကာ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ။ မကြာခင်ရက်ပိုင်းကဆိုရင်လည်း တစ်ရွာလုံး မီးလောင်ကာ ပျက်စီးဆုံးရှုံးမှုတွေ များခဲ့တဲ့ ကင်းမကျေးရွာလေးကို လိုအပ်တဲ့ စားနပ်ရိက္ခာ ၊ အဝတ်အထည် စတာတွေကို ထောက်ပံ့ လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ် ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

ဒီလို သွားရောက်လှူဒါန်းရင်း လမ်းခရီး အပြန် အမြန်လမ်း တစ်နေရာမှာ ယာဉ်တိုက်မှုဖြစ်ပွားထားတာနဲ့ ကြုံဆုံခဲ့ရတာကြောင့်  ဒဏ်ရာ ရရှိသူ​တွေကို  သူကိုယ်တိုင် ဆေးဝါးကူညီမှုတွေ ပြုလုပ်ပေးခဲ့ကြောင်း မကြာခင်နာရီပိုင်းလောက်က သူရဲ့ စာမျက်နှာထက်မှာ ဖော်ပြခဲ့ပါတယ် ။ ဒါ့အပြင် ယာဉ်တိုက်မှုမှာ ထိခိုက်ဒဏ်ရာ ရရှိမှုအနည်းငယ်သာရှိကြောင်းကိုလည်းဖော်ပြထားရာ အကူအညီလိုအပ်သူတွေကို အချိန်အခါမရွေး လုပ်ဆောင်ပေးခဲ့တဲ့ ဝေဠုကျော်ရဲ့ မျက်ကွယ်မပြုနိုင်တဲ့ ပရဟိတ စိတ်လေးကို လေးစားမိတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T