ကွယ်လွန်သူ သရုပ်ဆောင်မင်းသားကြီး ဦးညွှန့်ဝင်းအတွက် ရည်စူးပြီး ရက်လည်ဆွမ်းသွပ်အလှူလုပ်ပေးနေတဲ့ မိသားစုတွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/f8/f8a49291baa32189b929e10755b6188bc4f9ab73.jpeg
အနုပညာရှင်များ

 ၀၇-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

အကယ်ဒမီများရှင် သရုပ်ဆောင်မင်းသားကြီး ဦးညွှန့်ဝင်း ကွယ်လွန်သွားတာဟာ အနုပညာလောကအတွက် တကယ်ကို ဆုံးရှုံးမှုကြီး တစ်ခုပဲ ဖြစ်သလို ပရိသတ်တွေအားလုံးကလည်း စိတ်မကောင်းဝမ်းနည်းနေကြတာပါ..။

ဦးညွှန့်ဝင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁)ရက်နေ့က ကွယ်လွန်သွားခဲ့တာကြောင့် ဒီကနေ့မှာတော့ (၇)ရက်မြောက်နေ့အဖြစ် ရက်လည်ဆွမ်းသွပ်​အလှူလေး ပြုလုပ်ခဲ့ကြပါတယ်..။

Photo Credit
Photo Credit
Photo Credit 
Photo Credit 

ရက်လည်ဆွမ်းသွပ်တရားတော်နာ အလှူလေးကို နေအိမ်မှာ သံဃာတော်တွေကို ပင့်ဖိတ်ပြီး ကျန်ရစ်သူမိသားစုဝင်များက ရည်စူးကုသိုလ်တွေ ပြုလုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်..။

ကိုဗစ်ကပ်ရောဂါအခြေအေနေတွေကြောင့် တရားတော်နာအလှူကို မိသားစုတွေအပြင် မိတ်ဆွေတချို့ကို ဖိတ်ကြားခဲ့ကြပြီး ကောင်းမှုကုသိုလ်တွေနဲ့ ရည်စူးလှူဒါန်းတာတွေ ပြုလုပ်ခဲ့ကြတာပါ..။

Photo Credit - San Min's Fb Acc
Photo Credit - San Min's Fb Acc
Photo Credit - San Min's Fb Acc
Photo Credit - San Min's Fb Acc

ဘဘဦးညွှန့်ဝင်းအတွက် ရည်စူးကုသိုလ်ပြုခဲ့ကြတဲ့ မိသားစုဝင်တွေရဲ့ အလှူဗီဒီယိုလေးကိုတော့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက ဆုတောင်းစကားတွေနဲ့ ဝေမျှထားတာ ဖြစ်ပါတယ်..။

ကွယ်လွန်သူ အသက်(၈၂)နှစ် အရွယ် ဘဘဦးညွှန့်ဝင်းအတွက် ကောင်းရာသုဂတိလားစေဖို့ ဆုတောင်းရင်း ရက်လည်ဆွမ်းသွပ်အလှူ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - San Min's Fb Acc
Photo Credit - San Min's Fb Acc
Photo Credit - San Min's Fb Acc
Photo Credit - San Min's Fb Acc

သတင်း အရင်းအမြစ်San Min's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T