နားကြားလွဲပြီး သရုပ်ဆောင်နေအောင်ကွယ်လွန်ပြီလို့ သတင်းအမှားတင်ခဲ့မိတဲ့အပေါ် တောင်းပန်စကားဆိုလာတဲ့ ဦးဝင်းမြိုင်

//s9.kh1.co/ee/ee7f24530ad908cf0fec26436b36a93ac58eca6f.jpeg
အနုပညာရှင်များ

 ၀၇-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မနေ့ညက လူမှုကွန်ယက်စာမျက်နှာတွင် သရုပ်ဆောင် နေအောင်ကွယ်လွန်သွားပြီဆိုတဲ့ သတင်း တက်လာပါတယ်။ ဒီသတင်းကြောင့် အနုပညာရှင်တော်တော်များများနဲ့ ဦးနေအောင်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တစ်ချို့က စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ဒီသတင်းတက်လာပြီး မကြာခင်မှာလည်း ဦးနေအောင်ကွယ်လွန်သွားပြီဆိုတာဟာ သတင်းအမှားသာဖြစ်ကြောင်းကိုလည်း ကာယကံရှင်ကို ဖုန်းဆက်မေးပြီး အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd-Win Myaing’s Facebook Account 
Photo Crd-Win Myaing’s Facebook Account 
https://s9.kh1.co/__image/w=650,h=872,q=100/6d/6db1431347917d831202937c13163670fa1485f5.jpeg

ဒီသတင်းကို စတင်ဝေမျှခဲ့သူမှာ သရုပ်ဆောင် ဦးဝင်းမြိုင်ဖြစ်ပြီး အခုလို တင်မိခဲ့ရတဲ့အကြောင်းအရင်းကိုလည်းရှင်းပြထားပါတယ်။ တကယ်ကွယ်လွန်သွားသူမှာ ဒါရိုက်တာ နေဒေါင်းဖြစ်ပြီး ဦးဝင်းမြိုင်အနေနဲ့ နားကြားမှားပြီးသရုပ်ဆောင် နေအောင်ကွယ်လွန်သွားတယ်လို့ အထင်မှားသွားခဲ့တာ ဖြစ်ပါတယ်။ သတင်းအမှားတင်ခဲ့မိတဲ့အတွက် ဦးနေအောင်ကိုလည်း အနူးအညွတ်တောင်းပန်စာရေးသားထားပါတယ်။

Photo Crd-Win Myaing’s Facebook Account 
Photo Crd-Win Myaing’s Facebook Account 
Photo Crd-Win Myaing’s Facebook Account 
Photo Crd-Win Myaing’s Facebook Account 

" သတင်းပို့သူက ဦး​နေ​ဒေါင်းကွယ်လွန်​ကြောင်း​ပြောပြသည်ကို  ဦး​နေ​အောင် ဟုနားကြားလွဲ၍ ဦး​နေ​အောင် ကွယ်လွန်​ကြောင်းတင်လိုက်မိပါသည်။အမှန်တကယ်ကွယ်လွန်သူမှာ ဦး​နေ​ဒေါင်း ( ဇာတ်ညွှန်း )ဖြစ်ပါသည်။အစ်ကိုကြီးဦး​နေ​အောင် အား အနူးအညွတ်တောင်းပန်အပ်ပါသည်။ “ ဆိုပြီး ဦးဝင်းမြိုင်ရဲ့ လူမှုကွန်ယက်တွင် ရေးသားထားတာ ဖြစ်ပါတယ်။ Facebook လူမှုကွန်ယက်ဟာ သတင်းပျံ့ဖို့ အရမ်းကို လွယ်ကူလွန်းပြီး ကောလဟလသတင်းများလည်း အမြဲလိုလို မြင်တွေ့ကြရမှာပါ။ ဒါ့ကြောင့် တိကျခိုင်လုံတဲ့ သတင်းများသာ အားလုံးသိရှိဖို့အတွက် ဝေမျှပေးသင့်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Win Myaing’s Facebook Account 

Photo Crd-Win Myaing’s Facebook Account 
Photo Crd-Win Myaing’s Facebook Account 
Photo Crd-Win Myaing’s Facebook Account 
Photo Crd-Win Myaing’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T