တစ်ခါသုံးMaskတွေကို နောက်တစ်ကြိမ်ပြန်သုံးတာနဲ့ပတ်သက်ပြီး ကိုဗစ်ရောဂါကူးစက်နိုင်ခြေရှိမရှိကို ရှင်းလင်းပြောပြလာတဲ့ ဝေဠုကျော်

//s9.kh1.co/b8/b8872d38415809485f9987d8b10afde7e411fc21.jpg
အနုပညာရှင်များ

 ၀၆-လိုင်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

တစ်ခါသုံးMaskတွေကို နောက်တစ်ကြိမ်ပြန်သုံးတာနဲ့ပတ်သက်ပြီး ကိုဗစ်ရောဂါကူးစက်နိုင်ခြေရှိမရှိကို ရှင်းလင်းပြောပြလာတဲ့ ဝေဠုကျော်

မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ကိုဗစ်ရောဂါကူးစက်မှုတွေပြန်ဖြစ်နေပြီး ကလေးမြို့မှာ ကိုဗစ်ကူးစက်မှုအဆိုးဆုံးဖြစ်ကာ နေ့စဥ်လူသေဆုံးတွေရှိနေပါတယ်။ တစ်ခြားသောမြို့ကြီးတွေမှာလည်း ကိုဗစ်ရောဂါတွေပြန်ဖြစ်နေတာကြောင့် Maskတပ်ကြဖို့၊မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ပြည်သူအချင်းချင်းတိုက်တွန်းနေကြပါတယ်။ကိုဗစ်ရောဂါတွေပြန်ဖြစ်လာတာနဲ့အမျှ Maskတွေကို အမြတ်ကြီးစားပြီး စျေးတင်ရောင်းချနေသူတွေရှိတာမို့ ပြည်သူတွေက ပုံမှန်စျေးအတိုင်းရောင်းချပေးကြဖို့ ပြောဆိုနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မြန်မာပြည်သူအချို့ဟာ အပြင်သွားခဲ့တုန်းက တပ်ခဲ့တဲ့Maskတွေကို အိမ်ပြန်ရောက်တဲ့အခါ အကောင်းအတိုင်းရှိသေးတာပဲဆိုပြီး မလွှင့်ပစ်ဘဲ ဒီတိုင်းထားကြပါတယ်။ အဆိုပါမလွှင့်ပစ်ဘဲ ချိတ်ထားတဲ့ Maskတွေကို နောက်တစ်ကြိမ် အပြင်သွားတဲ့အခါ ပြန်လည်အသုံးပြုနေကြတဲ့ ပြည်သူတွေလည်းရှိနေကြပါတယ် ။ ဝေဠုကျော်ကတော့ တစ်ခါသုံးMaskတွေကို မလွှင့်ပစ်ဘဲ နောက်တစ်ကြိမ်ပြန်သုံးတာနဲ့ပတ်သက်ပြီး ကိုဗစ်ရောဂါကူးစက်နိုင်ခြေရှိမရှိကို ရှင်းလင်းပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဝေဠုကျော်ကတော့ " ရပ်ကွက်ထဲမှာ လမ်းထဲမှာ ဖျားနာ အနံ့ပျောက်သူတွေ‌တွေ့လာ‌ရပါတယ် ။အဓိက ကူးစက်ခံရတဲ့အကြောင်းအရင်းကအပြင်ခဏသွားတုန်း တပ်ခဲ့တဲ့ (Mask)တွေကို အိမ်ပြန်ရောက်ချိန် အကောင်းတိုင်းရှိ သေးတာဘဲဆိုပြီးအိမ်မှာ ကြုံရာချိတ်ထားလိုက်ကြပါတယ်။စားပွဲပေါ်.စင်ပေါ် တင်ထားတတ်ကြပါတယ်.။အပြင်ပြန်ထွက်ရင် ပြန်တပ်သုံးလိုက်အိမ်ပြန်ရောက်ရင် ပြန်ထားလိုက်နဲ့ ကောင်းသေးတာဘဲဆိုပြီးအကြိမ်ကြိမ် ထပ်ခါတလဲလဲ အသုံးပြုနေကြတဲ့အတွက်ကြောင့် အပြင်က ကပ်ပါလာတဲ့ ရောဂါပိုးကူးစက်ခံရခြင်းဖြစ်ပါတယ်။အပြင်ကပြန်လာတိုင်း အိမ်အပြင်ရှိအမှိုက်ပုံးထဲတစ်ခါထဲစွန့်ပစ်လိုက်ပါ။ တစ်ကြိမ်စီသာအသုံးပြုပါ။သုံးနာရီကြာတိုင်း (Mask) အသစ်တခုလဲ တပ်ပေးကြပါ။လက် ကိုခဏ ခဏ ဆေးပါ ။အထူးဂရုစိုက်ပေးကြပါ။ကပ်‌ရောဂါဘေး ကင်းဝေးကျန်းမာချမ်းသာကြပါစေ "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T