ကယားပြည်မှာအကူအညီလိုအပ်နေတဲ့သွေးချင်းမောင်နှမတွေအတွက် အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ အလှူငွေ(၁၁)သိန်းလှူဒါန်းခဲ့တဲ့ရေဗက္ကာ၀င်း

//s9.kh1.co/15/156dd1c62c4f8c75cb707bc4f077ef687f7e88f1.jpg
အနုပညာရှင်များ

 ၀၆-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာရှင်တစ်ချို့လည်းပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ကာ ကူညီလှူဒါန်းမှုတွေကို တတ်နိုင်သရွေ့ပြုလုပ်နေကြတာဖြစ်ပါတယ်။ အခုလိုတက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ရေဗက္ကာ၀င်းတစ်ယောက်လည်းအပါအ၀င်ပဲဖြစ်ပါတယ်။ ရေဗက္ကာ၀င်းက ဖေဖော်ဝါရီလအစပိုင်းတည်းက စတင်ကာ ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေအပါအ၀င် အလှူငွေတွေနဲ့အ၀တ်အထည်တွေပါလှူဒါန်းပေးနေတာဖြစ်ပါတယ်။

Photo credit-​ Rebecca Win's Facebook acc
Photo credit-​ Rebecca Win's Facebook acc
Photo credit-​ Rebecca Win's Facebook acc
Photo credit-​ Rebecca Win's Facebook acc

အခုဆိုရင်လည်း ရေဗက္ကာ၀င်းက "ကယားပြည်နယ်ကစစ်ဘေးသင့်ပြည်သူတွေကို တတ်နိုင်သရွေ့လှူဒါန်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ "ငွေတောင်ပြည်မှ လိုအပ်နေတဲ့သွေးချင်းများအတွက် အစားအသောက် အဝတ်အထည်အသုံးအဆောင်ပစ္စည်း၉ထုပ်နဲ့ အလှူငွေ ၁၁သိန်းကို စေတနာရှင်များ စုပေါင်းလှူဒါန်းခဲ့ကြပါတယ် ?နယ်ပြန်ဖို့ လမ်းစရိတ်အခက်အခဲဖြစ်နေတဲ့ ညီမလေးကိုလဲ လမ်းစရိတ်လှူဒါန်းခဲ့ပြီး မီးဖွါးဖို့ လိုအပ်နေတဲ့ ညီမလေးကိုလဲ မီးဖွားစရိတ်လှူဒါန်းခဲ့ပါတယ် .....။

Photo credit-​ Rebecca Win's Facebook acc
Photo credit-​ Rebecca Win's Facebook acc

"ပြုခဲ့သမျှ ကောင်းမှုအစုစုတို့ကို ၇ရက်သားသမီးရရှိနိုင်စေဖို့ ဆုတောင်းပါတယ်ရှင် ???ဒီမောဆိုသွားခဲ့တဲ့ပုံလေးတွေလဲ အမှတ်တရအဖြစ် ပြန်တင်လိုက်ပါတယ်...." ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ကယားပြည်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပေါ်ခဲ့ပြီး ပြည်သူအတော်များများလည်း စစ်ဘေးရှောင်နေရကာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ အခုလိုဆင်းရဲဒုက္ခရောက်နေကြတဲ့ပြည်သူတွေအတွက် ကူညီလှူဒါန်းပေးခဲ့တဲ့ ရေဗက္ကာ၀င်းရဲ့အလှူဒါနလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Rebecca Win's Facebook acc
Photo credit-​ Rebecca Win's Facebook acc
Photo credit-​ Rebecca Win's Facebook acc
Photo credit-​ Rebecca Win's Facebook acc

သတင်း အရင်းအမြစ်Rebecca Win's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T