အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မီးနိုနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ အဆိုတော်လီယို

//s9.kh1.co/ff/ff7d4cfce6f9603ceb3ca6b6473577bf5983a980.jpeg
အနုပညာရှင်များ

 ၀၆-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ အဆိုတော်မီးနိုကတော့ ဒီကနေ့ ဇူလိုင်လ (၆)ရက်နေ့ မနက်ပိုင်းကပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်..။

မီးနိုဖမ်းဆီးခံလိုက်ရတဲ့အကြောင်းကိုတော့ သူငယ်ချင်းဖြစ်သူ အဆိုတော်လီယိုက အားလုံးကို အသိပေးပြောပြခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

"ကျနော့် သူငယ်ချင်း မီးနိုကို မတရား ဖမ်းဆီးသွားပါပြီ”လို့ မီးနိုရဲ့ သူငယ်ချင်းအတွက် အဆိုတော် Leo က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အတည်ပြု ပြောထားတာပါ..။

လီယိုကတော့ သူငယ်ချင်းမီးနိုရဲ့ စိတ်မကောင်းစရာ သတင်းတွေကြောင့် မယုံနိုင်အောင်ဝမ်းနည်းနေရပြီး ပရိသတ်တွေကလည်း စိတ်ပူနေကြရတာ ဖြစ်ပါတယ်..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - LEO - လီယို Fb Page
Photo Credit - LEO - လီယို Fb Page

မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း မီးနိုအတွက် စိုးရိမ်ပူပန်နေကြရသလို အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်လို့ သိရပါတယ်..။ 

အဆိုတော်မီးနိုဟာ ပြီးခဲ့တဲ့လပိုင်းတွေက အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေနဲ့ ကရင်စစ်ဘေးရှောင်များအတွက် လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ပို့ဆောင်လှူဒါန်းခဲ့ပြီးအခြား လိုအပ်နေတဲ့ နေရာတွေကိုလည်း ဦးဆောင်ကာ စုပေါင်း လှူဒါန်းပေးနေသူ ဖြစ်ပါတယ်။ 

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

သတင်း အရင်းအမြစ်LEO - လီယို Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T